Connect with us

CHINA

တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် ဩဂုတ် ၈ ရက်က ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၁၅ ဦး ရှိ 

ဝူးလူမုချီ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ဩဂုတ် ၈ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၁၅ ဦးရှိပြီး လက္ခဏာမပြ ရောဂါကူးစက်သူ မရှိကြောင်း၊၎င်းတို့အားလုံးသည် ဝူးလူမုချီမြို့မှ ဖြစ်ကြောင်း ယင်းဒေသ ကျန်းမာရေးကော်မရှင်၏ နောက်ဆုံး ထုတ်ပြန်ချက်များအရသိရသည်။ 

ယင်းနေ့တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံးဆင်းသွားသူ ၃၀ ဦး ရှိကြောင်း ၊ ရောဂါအခြေအနေစောင့်ကြည့်မှုမှ ဖြေလျှော့လိုက်သည့် လက္ခဏမပြ ကူးစက်သူ ၄ ဦးရှိကြောင်း နှင့် ၎င်းတို့အားလုံးသည် ဝူးလူမုချီက ဖြစ်ကြောင်း သိရသည်။

ဩဂုတ် ၈ ရက် ၂၄ နာရီအထိ ရှင်းကျန်းတွင် အတည်ပြုလူနာ ၆၂၅ ဦးရှိပြီး ၎င်းတို့အနက် ဝူးလူမုချီမြို့တွင် ၆၂၂ ဦး ၊ ကယ်ရှန်ဒေသတွင် ၁ ဦး ၊ ချန်ကျီတွင် ၁ ဦး ၊ ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးအဖွဲ့က ၁ ဦး ရှိကြောင်းသိရသည်။ လက်ရှိ လက္ခဏာမပြကူးစက်သူ ၁၂၃ ဦးရှိရာ ဝူးလူမုချီတွင် ၁၂၂ ဦး ၊ဝူးလူမုချီမှ ချန်းကျီသို့ ကူးစက်သူ ၁ဦးရှိပြီး ရောဂါအခြေအနေစောင့်ကြည့်ခံရသူ ၁၈,၈၈၂ ဦး အသီးသီး ရှိကြောင်း သိရသည်။

ဇူလိုင် ၁၅ ရက် ၀၀:၀၀ နာရီမှ ဩဂုတ် ၈ ရက် ၂၄ နာရီအထိ ရောဂါကုသပျောက်ကင်း၍ ဆေးရုံဆင်းသွားသူ စုစုပေါင်း ၁၃၈ ဦးရှိပြီး စောင့်ကြည့်မှုမှ ဖြေလျှော့လိုက်သော လက္ခဏာမပြရောဂါကူးစက်သူ ၇၁ ဦး ရှိကြောင်း သိရသည်။(Xinhua)