CHINA
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုင်ငံအတွင်းရှိ အဓိကမြို့ကြီးများ သန့်ရှင်းလှပအဆင်ပြေချောမွေ့ရန် ညွှန်ကြား

ဟန်ကျိုး ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က နိုင်ငံအတွင်း အချက်အလက်သိမ်းဆည်းခြင်း ၊ ကွန်ပြူတာနည်းပညာ နှင့် ဉာဏ်ရည်တုနည်းပညာ(AI)အသုံးပြုခြင်းဖြင့် အဓိကမြို့ကြီးများမှာ သန့်ရှင်းလှပအဆင်ပြေချောမွေ့လာနိုင်မည်ဖြစ်ကြောင်း လမ်းညွှန်ချက်ပေးခဲ့သည်။
သမ္မတရှီသည် မတ် ၃၁ ရက်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်(Zhejiang) ၊ ဟန်ကျိုးမြို့တွင် မြို့ပြ ကောင်းမွန်အောင် ပြုပြင် စီမံခန့်ခွဲမှု smart city ပလက်ဖောင်း ဖော်ဆောင်နေသည့် “Brain City” ကို သွားရောက်စစ်ဆေးစဉ် အထက်ပါအတိုင်း လမ်းညွှန်ချက်ပေးခဲ့ခြင်းဖြစ်သည်။(Xinhua)