Connect with us

CHINA

လုပ်ငန်းတာဝန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်စဉ်ကာလ သမ္မတရှီကျင့်ဖိန်၏ အထူးစီမံမှုများ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် မတ် ၂၉ ရက်က ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့သို့ သွားရောက်ကြည့်ရှုလေ့လာစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၃၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် သမ္မတ ရှီကျင့်ဖိန်သည် မတ် ၂၉ ရက်တွင် ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့ကျိုးဆန်းဆိပ်ကမ်းနှင့် စက်မှုဥယျာဉ်သို့ သွားရောက်ကြည့်ရှုလေ့လာကာ လိုအပ်သည်များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။

လုပ်ငန်းတာဝန်များပြန်လည်ဆောင်ရွက်ခြင်းသည် အလုပ်အကိုင်များတည်ငြိမ်စေရန်ဖြစ်သလို ကုန်ထုတ်လုပ်မှုများ ပြန်လည်လည်ပတ်ခြင်းသည် စီးပွားရေးတည်ငြိမ်အောင် ဆောင်ရွက်ခြင်း ဖြစ်သည်။လုပ်ငန်းတာဝန်များနှင့်ကုန်ထုတ်လုပ်မှုများ စနစ်တကျ ပြန်လည်လည်ပတ်ဆောင်ရွက်ခြင်းသည် ကပ်ရောဂါကူးစက်မှုကို ကောင်းမွန်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးကို ဖော်ဆောင်ခြင်း၏ အရေးကြီးတာဝန်ဖြစ်ပြီး ရောဂါကပ်ဘေး၏ ဂယက်ရိုက်ခတ်မှုကို လျှော့ချသည့် အဓိကအရေးကြီးသော ဆောင်ရွက်မှုလည်း ဖြစ်ရာ ရောဂါကာကွယ်ထိန်းချုပ်မှုနှင့်လုပ်ငန်းပြန်လည်လည်ပတ်မှုနှစ်ခုအား မည်သို့ ကောင်းမွန်အောင် ဆောင်ရွက်ရမည်မှာ သမ္မတရှီ၏ အထူးအလေးထားသည့် ကိစ္စရပ်ဖြစ်သည်။  

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် မတ် ၂၉ ရက်က ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့သို့ သွားရောက်ကြည့်ရှုလေ့လာစဉ်(ဆင်ဟွာ)

ကပ်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှုကို အဓိက အခြေခံ၍ တရုတ်နိုင်ငံ၏ ဗဟိုစီးပွားရေးလုပ်ငန်းများ၊ အစိုးရပိုင်လုပ်ငန်းများ အစရှိသည့် လုပ်ငန်းအသီးသီးကို ကဏ္ဍခွဲကာ လုပ်ငန်းတာဝန်များနှင့် ကုန်ထုတ်လုပ်မှုများကို စနစ်တကျ ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သမ္မတ ရှီက ဆိုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် မတ် ၂၉ ရက်က ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့သို့ သွားရောက်ကြည့်ရှုလေ့လာစဉ်(ဆင်ဟွာ)

ကပ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်သည့်အခြေအနေပေါ်တွင် မူတည်၍  အဓိက ရောဂါဖြစ်ပွားခြင်း မဟုတ်သည့် နေရာဒေသများမှ အလုပ်အကိုင်များ၊ကုန်ထုတ်လုပ်မှုလုပ်ငန်းများ နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြန်လည် လည်ပတ်ခြင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ရောဂါ ကာကွယ်ထိန်းချုပ်မှုများအား တိုးမြှင့်ဆောင်ရွက်မှုကို အခြေခံ၍ ရောဂါဖြစ်ပွားရာ ဒေသ ၊ ဖြစ်ပွားမှုအခြေအနေနှင့် အမျိုးအစား၊ အချိန်အခါကို ခွဲ၍ လုပ်ငန်းတာဝန်များနှင့် ကုန်ထုတ်လုပ်မှုများ စနစ်တကျ လည်ပတ်ရန် ရှီကပြောကြားခဲ့ကြောင်း သိရသည်။  

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် မတ် ၂၉ ရက်က ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့သို့ သွားရောက်ကြည့်ရှုလေ့လာစဉ်(ဆင်ဟွာ)

လည်ပတ်လှုပ်ရှားနေသည့် လူမှုစီးပွားစနစ်ကို ရေရှည် ရပ်တန့်၍မရနိုင်ပါကြောင်း ၊ ကပ်ရောဂါဖြစ်ပွားသည့် ကာလများအတွင်း သမ္မတရှီကျင့်ဖိန်သည် ရောဂါဖြစ်ပွားရာနေရာသို့ အကြိမ်ပေါင်းများစွာ သွားရောက်လေ့လာကြည့်ရှုခဲ့သလို အစည်းအဝေးများကျင်းပခဲ့ရာ ကပ်ရောဂါဖြစ်ပွားသည့်အခြေအနေနှင့်ဒေသခွဲ၍  လုပ်ငန်းများ စနစ်တကျပြန်လည် လည်ပတ်ရန် အလေးထား ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် မတ် ၂၉ ရက်က ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့သို့ သွားရောက်ကြည့်ရှုလေ့လာစဉ်(ဆင်ဟွာ)

ဖေဖော်ဝါရီ ၂၃ ရက်တွင် သမ္မတရှီကျင့်ဖိန်သည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း  အစည်းအဝေးကို တက်ရောက်၍ မိန့်ခွန်းစကား ပြောကြားရာ၌လည်း လုပ်ငန်းတာဝန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စနစ်တကျ ပြန်လည် လည်ပတ်ရန် ညွှန်ကြားချက် ၈ ရပ်ကို ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် မတ် ၂၉ ရက်က ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့သို့ သွားရောက်ကြည့်ရှုလေ့လာစဉ်(ဆင်ဟွာ)

ထိုသို့ပြောကြားရာတွင် ရောဂါဖြစ်ပွားသည့် အခြေအနေနှင့်ဒေသခွဲ၍ တိကျစွာ အလုပ်အကိုင်၊ လုပ်ငန်းများ ပြန်လည် လည်ပတ်ရန် ၊ မက်ခရို မူဝါဒ ညှိနှိုင်းမှုကို တိုးမြှင့်ရန် ၊ အလုပ်အကိုင်တည်ငြိမ်မှုရှိအောင် ဘက်စုံ အားဖြည့် ဆောင်ရွက်ရန် ၊ ဆင်းရဲနွမ်းပါးမှုလွတ်ကင်းရေး တာဝန်ကို ပြီးဆုံးအောင် ခိုင်မာစွာဆောင်ရွက်ရန် ၊ လုပ်ငန်းတာဝန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်လည်ပတ်အောင် တွန်းအားပေး ဆောင်ရွက်ရန် ၊ နွေဦးကာလ လယ်ယာကဏ္ဍထုတ်လုပ်မှုလုပ်ငန်းများ မလစ်ဟင်းအောင် ဆောင်ရွက်ရန် ၊ ပြည်သူများ၏စားဝတ်နေရေး အခြေခံအာမခံမှုရှိစေအောင်  လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ပြည်ပကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်အောင် ဆောင်ရွက်ရန် လမ်းညွှန်မှုပေးခဲ့ကြောင်း သိရသည်။ (Xinhua)