Connect with us

CHINA

တရုတ်နိုင်ငံတွင် ပြင်ပမှဝင်ရောက်လာသည့် COVID-19 ဖြစ်ပွားမှုများကို ကာကွယ်ခြင်းက ကာလရှည်အတွက် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် စစ်ဆေးရေးသွားရောက်စဉ် ဒေသခံများနှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် COVID-19 တုန့်ပြန်ရေးတွင် လတ်တလောနှင့် ကာလရှည်အတွက် ပြင်ပမှဝင်ရောက်လာသော ရောဂါဖြစ်ပွားမှုကာကွယ်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီ ၁ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် စစ်ဆေးရေးသွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် စစ်ဆေးရေးသွားရောက်စဉ် ဒေသခံများနှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် စစ်ဆေးရေးသွားရောက်စဉ် ဒေသခံများနှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

“တရုတ်နိုင်ငံက ကူးစက်ရောဂါအခြေအနေက အပြုသဘောဆောင်တဲ့ဘက်ကို တည်တည်ငြိမ်ငြိမ်နဲ့ သွားနေပြီး လက်ရှိမှာ COVID-19 ဖြစ်ပွားမှုက အထွဋ်အထိပ် အခြေအနေကို ကျော်လွန်သွားပါပြီ” ဟု ရှီက ပြောခဲ့သည်။

သို့သော် ကမ္ဘာတစ်ဝန်းတွင် ရောဂါပျံ့နှံ့မှု အရှိန်မြင့်တက်လာသဖြင့် နိုင်ငံအတွင်းသို့ ပြင်ပမှဝင်ရောက်လာသည့်ရောဂါဖြစ်ပွားမှုကလည်း ရုတ်တရက်မြင့်မားလျက်ရှိကြောင်း သမ္မတ ရှီက ဆိုသည်။

ထို့ပြင် ရှီက တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု လျော့ကျရေးတွင် တက်ကြွစွာလုပ်ကိုင်ရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။  (Xinhua)