Connect with us

CHINA

တရုတ်-ဥရောပ ရထားလမ်း ကွန်ရက် တိုးတက်စေရေး တရုတ်နိုင်ငံက ယွမ် သန်း၂၀၀ ရင်းနှီးမြှုပ်နှံ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ Tuanjiecun ဘူတာရုံမှ လစ်သူယေးနီးယားနိုင်ငံသို့ ထွက်ခွာရန် အဆင်သင့် ဖြစ်နေသော တရုတ်-ဥရောပ ကုန်တင်ရထားတစ်စင်းအား ဧပြီလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) 

တရုတ်-ဥရောပ ကုန်တင်ရထားလမ်း ဝန်ဆောင်မှု တိုးတက်စေရေးအတွက် မြို့ငါးမြို့တွင် သယ်ယူပို့ဆောင်ရေး အချက်အချာနေရာများ တည်ဆောက်ရေး ထောက်ပံ့ပေးနိုင်ရန် ဗဟိုရန်ပုံငွေမှ ယွမ်သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၃ သန်းခန့်)အား တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေး စီမံသူများက ခွဲဝေသတ်မှတ်ခဲ့ကြောင်း သိရသည်။ 

အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC)၏ ထုတ်ပြန်ချက်အရ ကုန်တင်ရထားလမ်းဝန်ဆောင်မှု၏ သယ်ယူပို့ဆောင်ရေးကွန်ရက် ပိုမိုထိရောက်စေရေး ကြိုးပမ်းမှု အနေဖြင့် ကျိန့်ကျိုး ၊ ချုံချင့် ၊ ချန်တူး ၊ ရှီးအန်း နှင့် ဝူးလုမုချိမြို့တို့၌ စံနမူနာပြစီမံကိန်းများ တည်ဆောက်ရာ၌ ထောက်ပံ့ပေးရန် ယင်းရန်ပုံငွေများကို အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ 

သယ်ယူပို့ဆောင်ရေးစင်တာများ တည်ဆောက်ရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များအား လမ်းညွှန်မှုပေးရန် ညှိနှိုင်းဆောင်ရွက်မှု ခြေလှမ်းများကို ၎င်းက မြှင့်တင်ပေးလိမ့်မည်ဖြစ်ကြောင်း နှင့် ရပ်ဝန်း နှင့် ပိုးလမ်းမ ပူးပေါင်းတည်ဆောက်မှု အတွက် ခိုင်မာသည့် ထောက်ပံ့မှုကို ပေးအပ်ခြင်း ဖြစ်ကြောင်း ကော်မရှင်က ပြောကြားခဲ့သည်။

တရုတ်-ဥရောပ ရထားလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ပြီး ပဏာမခြေလှမ်းတွင် ပါဝင်သော နိုင်ငံများ နှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုကို မြှင့်တင်ရန် ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက်(ခေတ်သစ်ပိုးလမ်းမကြီး) ၏ အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပေါ်နေစဉ်အတွင်းမှာပင် ယင်းသည် ယုံကြည်စိတ်ချရသော သယ်ယူပို့ဆောင်ရေး လမ်းကြောင်း တစ်ခုအဖြစ် တည်ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.