Connect with us

CHINA

ပေကျင်းတွင် ဇူလိုင် ၆ ရက်က COVID-19ရောဂါ အသစ်ထပ်တိုး အတည်ပြုလူနာ မရှိဟု သိရ

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ရောဂါစစ်ဆေးမှုများ ပြုလုပ်ပေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဇူလိုင် ၆ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီအတွင်း COVID-19ရောဂါ ပြည်တွင်း ကူးစက်သူ အတည်ပြုလူနာသစ် နှင့် သံသယလူနာမရှိကြောင်း၊  လက္ခဏာမပြ ကူးစက်သူ ၁ ဦး ၊ ရောဂါသက်သောပျောက်ကင်း၍ ဆေးရုံဆင်းသွားသူ ၄ ဦး ရှိကြောင်းနှင့် ပြည်ပမှ ဝင်ရောက်သော ရောဂါကူးစက်သူ အသစ်ထပ်တိုးလူနာ၊ သံသယလူနာနှင့် လက္ခဏာမပြကူးစက်သူမရှိကြောင်း ပေကျင်းမြို့ ကျန်းမာရေးကော်မရှင်၏ ဇူလိုင် ၇ ရက် သတင်းများအရ သိရသည်။ 

ပြီးခဲ့သော ဇွန် ၁၁ ရက်က ရှင်းဖားတိဈေးကြီးတွင် COVID-19ရောဂါ အစုလိုက် အပြုံလိုက် ကူးစက်မှု တွေ့ရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အသစ်ထပ်တိုး အတည်ပြုလူနာ မရှိခြင်းဖြစ်ကြောင်း သိရသည်။ ဇွန် ၁၁ ရက် ၀၀:၀၀ နာရီမှ ဇူလိုင် ၆ ရက် ၂၄:၀၀ နာရီအထိ ပေကျင်းမြို့တွင် စုစုပေါင်း ပြည်တွင်းကူးစက်သူ အတည်ပြုလူနာ ၃၃၅ ဦး၊ ဆေးရုံတွင် ဆေးကုသမှုခံယူသူ ၃၂၀ ဦး ၊ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းသွားသူ ၁၅ ဦး ၊ စောင့်ကြည့်နေဆဲဖြစ်သည့် လက္ခဏာမပြ ရောဂါ ကူးစက်သူ ၃၁ ဦး ရှိကြောင်း သိရသည်။ (Xinhua)