Connect with us

CHINA

အပြည်ပြည်ဆိုင်ရာ ကုန်းမြေ – ပင်လယ် ကုန်သွယ်ရေးစင်္ကြံသစ် နှင့်အတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပေါင်းစပ်မြှင့်တင်ရန် တရုတ်နိုင်ငံအဆိုပြု

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က အပြည်ပြည်ဆိုင်ရာ ကုန်းမြေ – ပင်လယ် ကုန်သွယ်ရေးစင်္ကြံသစ် နှင့်အတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို ပေါင်းစပ်မြှင့်တင်ရန် ယနေ့ ဩဂုတ် ၂၄ ရက်တွင် အဆိုပြုခဲ့ကြောင်း သိရသည်။

တတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု(LMC) ခေါင်းဆောင်များအစည်းအဝေးကို ပေကျင်းမြို့မှနေ၍ ဗီဒီယိုလင့်မှတစ်ဆင့် ပါဝင်ဆွေးနွေးစဉ် လီက အထက်ပါအတိုင်း အဆိုပြုခဲ့ခြင်းဖြစ်သည်။လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု(LMC) နှင့် အပြည်ပြည်ဆိုင်ရာ ကုန်းမြေ-ပင်လယ် ကုန်သွယ်ရေးစင်္ကြံသစ် အကြား ပေါင်းစပ်မှု တိုးချဲ့မြှင့်တင်ခြင်းဖြစ် ဥရောပအာရှတိုက်နှင့်အတူ တရုတ်နိုင်ငံအနောက်ပိုင်းဒေသ နှင့် အရှေ့တောင်အာရှ နိုင်ငံများကို ချိတ်ဆက်နိုင်မည်ဖြစ်ရာ အပေါင်းလက္ခဏာဆောင်သော ရလဒ်များကို ဦးတည်မှုတစ်ခုဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းသည် တရုတ်နိုင်ငံ အနောက်ပိုင်း နှင့် အနောက်တောင်ပိုင်း ဒေသများကို အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ အပြန်အလှန်ကုန်စည်ဖလှယ်ရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေမည်ဖြစ်သလို ယင်းလမ်းကြောင်းက မဲခေါင်ဒေသနိုင်ငံများအတွက် ပို၍ စနစ်တကျ ကုန်စည် စီးဆင်းမှုကို ဖြစ်စေနိုင်ကြောင်း ၊ ထို့ပြင် ယင်းသည် အရင်းအမြစ်ခွဲဝေမှုများ ကို အပေါင်းလက္ခဏာပို၍ ထောက်ပံ့ကူညီနိုင်မည်ဖြစ်ပြီး ကုန်ထုတ်လုပ်ငန်း ဆက်လက်ထိန်းသိမ်းခြင်း နှင့် ကုန်စည်ထောက်ပံ့မှု ကွင်းဆက်များ (supply chains) နှင့် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ခြင်းများကို ပို၍ လျင်မြန်စေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်လီက ဆိုသည်။

“ ဒီအစည်းအဝေးကနေ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့တဲ့ ကိစ္စရပ်တွေ နဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသစ်လောင်းမှုတွေကို အပြည့်အဝအကောင်အထည်ဖော်ဆောင်သွားရေးအတွက်  မဲခေါင်ဒေသ ၆ နိုင်ငံနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ တရုတ်နိုင်ငံက အသင့်ရှိပါတယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.