CHINA
တရုတ်နိုင်ငံ၌ တွေ့ရှိခြင်း မတိုင်မီ နိုင်ငံများစွာတွင် COVID-19 ရောဂါ ပြန့်နှံ့နေဖွယ်ရှိကြောင်း WHO အစီရင်ခံစာတွင် ဖော်ပြ
ပေကျင်း ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါ မူအရင်းအမြစ် ခြေရာခံခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၌ ပထမဆုံး လူနာ ဖော်ထုတ် တွေ့ရှိခြင်းမတိုင်မီကတည်းက နိုင်ငံများစွာတွင် ပြန့်နှံ့နေဖွယ်ရှိကြောင်း ဖော်ပြထားဟု မီဒီယာများ၏ သတင်းဖော်ပြမှုအရ သိရသည်။
WHO ပညာရှင်အဖွဲ့သည် SARS-CoV-2 ရောဂါ၏ အစောပိုင်း ပြန့်နှံ့မှုနှင့်ပတ်သက်၍ မတူခြားနာသော နိုင်ငံများမှ လေ့လာတွေ့ရှိချက်များကို ရေးသားဖြန့်ဝေခဲ့သည့် အချက်အလက်များအား ပြန်လည်သုံးသပ်မှု ပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု Sputnik သတင်းအေဂျင်စီက ဆိုသည်။
“ SARS-CoV-2 ရောဂါ ပြန့်နှံ့မှုဟာ အစောပိုင်းရက်သတ္တပတ်တွေမှာတည်းက ကနဦးတွေ့ရှိထားတယ်လို့ ဆိုရမှာပေါ့ ၊ အချို့ သံသယရှိတဲ့ Positive နမူနာတွေဟာ ဝူဟန့်မြို့မှာ ပထမဆုံးလူနာ တွေ့ရှိခဲ့တဲ့အချိန်ထက်တောင် စောပြီး ဖော်ထုတ်တွေ့ရှိထားတာပါ ၊ ရောဂါဟာ အခြားနိုင်ငံတွေမှာ တိမ်မြုပ်ကူးစက်ပြန့်နှံ့နေဖွယ်ရှိတာပေါ့” ဟု WHO ၏ အစီရင်ခံစာကို ကိုးကား၍ Sputnik က ဖော်ပြခဲ့သည်။
လေ့လာစမ်းစစ်မှု လုပ်နိုင်သော စံနှုန်းသည် အကန့်အသတ်များရှိနေသည်ကို WHO က မီးမောင်းထိုးပြခဲ့သည်။ သို့သော် ယင်း အစောပိုင်းဖြစ်နိုင်ခြေအလားအလာများကို စုံစမ်းမှု ပြုလုပ်ရန် အလွန်အရေးကြီးကြောင်း Sputnik သတင်းအရ သိရသည်။(Xinhua)
————————————
(English Version)
WHO report shows possible COVID-19 spread in various countries before case detected in China: media
BEIJING, April 1 (Xinhua) — A report on the global tracing of COVID-19 origins released Tuesday by the World Health Organization (WHO) showed that the novel coronavirus might have spread in many countries before the first case was detected in China, according to media reports.
The team of the WHO report reviewed data from published studies from different countries suggesting early circulation of SARS-CoV-2, reported Sputnik news agency.
“The findings suggest that circulation of SARS-CoV-2 preceded the initial detection of cases by several weeks. Some of the suspected positive samples were detected even earlier than the first case in Wuhan, suggesting the possibility of missed circulation in other countries,” Sputnik reported, citing the WHO report.
The WHO report pointed out that the quality of the studies is limited, but it is important to investigate these potential early events, according to Sputnik. Enditem
Medical staff wearing protective gears are seen at a clinic in Manila, the Philippines, Oct. 19, 2020.