Connect with us

CHINA

တရုတ်နိုင်ငံတစ်ဝှမ်း COVID-19 ကာကွယ်ဆေး သန်း ၁၀၀ ကျော် ထိုးနှံထားပြီဖြစ်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ယာယီကာကွယ်ဆေးထိုးသည့် နေရာတစ်ခု၌ ကာကွယ်ဆေးထိုးနှံပေးနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတစ်ဝှမ်း၌ မတ် ၂၇ ရက်အထိ COVID-19 ကာကွယ်ဆေး သန်း ၁၀၀ ကျော် ထိုးနှံထားပြီ ဖြစ်ကြောင်း မတ် ၂၈ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်ကောင်စီ COVID-19 တိုက်ဖျက်ရေး ယန္တရား နှင့် ပူးတွဲထိန်းချုပ်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အမျိုးသားကျန်းမာရေးကော်မရှင်က မတ် ၂၈ ရက်တွင် ဖော်ပြထားသည့် အချက်အလက်များအရ တရုတ်နိုင်ငံတစ်ဝှမ်း COVID-19 ကာကွယ်ဆေးထိုးနှံပြီးသည့် စုစုပေါင်းအရေအတွက်မှာ ၁၀၂ ဒသမ ၄၂ သန်း ရှိပြီး ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် နေ့စဉ် ကာကွယ်ဆေးထိုးနှံရေး အစီရင်ခံမှုများ စတင်ခဲ့သည့် မတ် ၂၄ ရက်မှ စတင်ကာ ဆေးထိုးထိုးနိုင်မှုပမာဏသည် နေ့စဉ် ၃ သန်းကျော် ပိုများလာခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————
(English Version)

Over 100 mln COVID-19 vaccine doses administered across China
BEIJING, March 28 (Xinhua) — More than 100 million doses of COVID-19 vaccines had been administered across China as of Saturday, according to a press conference held by the State Council joint prevention and control mechanism against COVID-19 on Sunday.

Data released by the National Health Commission on Sunday showed that the total number of COVID-19 vaccine jabs administered nationwide had reached 102.42 million.
China saw a daily increase of more than 3 million doses ever since the country has initiated its daily vaccination report on March 24. ■