Connect with us

CHINA

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီတွင် တစ်မြို့လုံးလွှမ်းခြုံ Nucleic acid ဆေးစစ်မှုများ ဆောင်ရွက်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ မုန်မောင်မြို့နယ် မုန်မောင်ကျေးရွာတွင် ဆေးစစ်ရန် ဓာတ်ခွဲနမူနာယူနေသည်ကို မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် မတ် ၃၁ ရက် ၈:၀၀ နာရီမှစ၍ တစ်မြို့လုံးလွှမ်းခြုံ အစိုးရစရိတ်ခံ Nucleic acid ဆေးစစ်မှုများပြုလုပ်မည်ဖြစ်ကြောင်း ယူနန်ပြည်နယ် ရွှေလီမြို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ညွှန်ကြားမှုအဖွဲ့က ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကြေညာချက်တွင် မြို့နေပြည်သူအားလုံး နေအိမ်တွင် သီးခြား ယာယီ ရက်သတ္တပတ်ခွဲနေကြရန် ၊ နေအိမ်ကွာရန်တင်းကာလတွင် စူပါမာကပ်၊ ဆေးဆိုင်၊ ဈေးတို့မှအပ အခြားလုပ်ငန်းများအားလုံး ရပ်နားထားကြရန် ညွှန်ကြားထားသည်။ အိမ်ထောင်စုတိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများထံ၌ ဝင်ထွက်သွားလာခွင့် လက်မှတ်ယူ၍ တစ်အိမ်လျှင်တစ်ဦး လူသုံးကုန်ပစ္စည်းထွက်ဝယ်ရန် စီစဉ်နိုင်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုအိမ်ရာ ၊ နေအိမ်ဆိုင်ခန်းအိမ်ရာစသည့် တစ်စုတစ်စည်းတည် စီမံနိုင်သည့် ရပ်ကွက်များတွင် ရပ်ကွက်လုံခြုံရေး၌ မှတ်ပုံတင်၊ ကိုယ်ပူချိန်တိုင်း၊ QRကုဒ်ဖတ်၍ ဝင်ထွက်သွားလာနိုင်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ မုန်မောင်မြို့နယ် မုန်မောင်ကျေးရွာတွင် ဆေးစစ်ရန် ဓာတ်ခွဲနမူနာယူနေသည်ကို မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ မုန်မောင်မြို့နယ် မုန်မောင်ကျေးရွာတွင် ဆေးစစ်ရန် ဓာတ်ခွဲနမူနာယူနေသည်ကို မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆေးကုသရေး အထောက်အပံ့ပစ္စည်း၊ နေ့စဉ်သုံးပစ္စည်း၊ လယ်ယာထွက်ကုန်ပစ္စည်းစသည့် ရွှေလီမြို့သို့ဝင်ရောက်မည် ကုန်တင်ယာဉ်များကို မြို့ဝင်ဂိတ်တွင် စစ်ဆေး၊ကိုယ်ပူချိန်တိုင်းပြီးနောက် သွားလာခွင့်ကုဒ် သို့မဟုတ် ယူနန်ပြည်နယ် ကျန်းမာရေး မီးစိမ်းကုဒ်ဖြင့် သွားလာနိုင်ကြောင်းနှင့် မတ် ၁၄ ရက် ၀၀:၀၀ နာရီနောက်ပိုင်း ရွှေလီမှ ထွက်ခွာသွားသူများ ရောက်ရှိနေရာတွင် အကြောင်းကြား၍ Nucleic acidဆေးစစ်မှုများ ပြုလုပ်ကြရန် ညွှန်ကြားထားသည်။

ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင် မတ် ၃၁ ရက်၏ သတင်းများအရ မတ် ၃၀ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအတွင်း ယူနန်ပြည်နယ် ရွှေလီမြို့၌ အသစ်ထပ်တိုး ကိုဗစ်အတည်ပြုလူနာ (၆)ဦး၊ လက္ခဏာမပြကူးစက်သူ (၃)ဦးရှိကြောင်း သိရသည်။ (Xinhua)
————————————
(Chinese Version)
(聚焦疫情防控)云南瑞丽市区开展全员核酸检测
2021-03-31 10:21:45
 新华社昆明3月31日电(记者姚兵)云南省瑞丽市新冠肺炎疫情防控工作指挥部31日发布通告,31日8时起,全面开展市区全员新冠肺炎疫情核酸检测,检测费用由政府承担。
通告指出,市区所有居民进行居家隔离,时间暂定一周,居家隔离期间,除超市、药店、农贸市场外,其他经营场所一律停业;居家隔离期间,每户居民凭网格负责人开具的出行证明,可安排1名人员外出采购生活物品;单位家属区、商品房小区等有集中管理的居住区,由小区门卫做好登记,体温检测、扫码出入;运送医疗物资设备、生活用品、农副产品等需要进入瑞丽的货物车辆,由入城卡点进行检查、测温后,凭行程码或云南健康码绿码放行;3月14日0时后离开瑞丽的人员要主动向当地社区报告并做核酸检测。
 云南省卫生健康委员会31日通报,3月30日0时至24时,云南省新增确诊病例6例,新增无症状感染者3例,均在瑞丽市。(完)
新华社照片,瑞丽(云南),2021年3月31日
云南瑞丽市区开展全员核酸检测
3月31日,在瑞丽市勐卯镇勐卯村一检测点,医护人员采集一名老人的核酸样本。