CHINA
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဟူပေပြည်နယ်၌ COVID-19 တိုက်ဖျက်ရေး လုပ်ဆောင်နေသည့် လူငယ်ဆရာဝန်များ ပေးပို့သောစာကို ပြန်ကြား
ပေကျင်း ၊ မတ် ၁၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပါတီနှင့်ပြည်သူများ အလိုအပ်ဆုံး ဖြစ်သည့်နေရာများတွင် ပံ့ပိုးမှုများ ပြုလုပ်ရန် ရှေ့တန်း နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ(COVID-19) တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် လူငယ်ဆရာဝန်များကို အားပေးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ သမ္မတ ရှီကျင့်ဖိန်သည် ရောဂါ ဖြစ်ပွားမှု အများဆုံး ပြည်နယ် ဖြစ်သည့် ဟူပေပြည်နယ်၌ ကပ်ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ပီကင်းတက္ကသိုလ်မှ ကူညီရန် စေလွှတ်ခဲ့သော ဆေးဘက်ဆိုင်ရာ အဖွဲ့မှ ပါတီအဖွဲ့ဝင် လူငယ်ဆရာဝန် ၃၄ ဦးထံမှ စာကို မတ် ၁၅ ရက်တွင် ပြန်လည်ဖြေကြားခဲ့ရာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)