Connect with us

CHINA

COVID-19 ရောဂါ နှင့်ပတ်သက်၍ တရုတ် နိုင်ငံ သမ္မတ နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဖုန်းပြောနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် တို့ က မတ်လ ၁၂ ရက် ညပိုင်း အချိန်တွင် COVID-19 ရောဂါ နှင့် ပတ်သက်၍ ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က COVID-19 ရောဂါ ဖြစ်ပွား ချိန်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေဖြင့် တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ဆောင်ရွက်ခဲ့ သည့် ကြိုးပမ်းအားထုတ်မှုများ အပေါ် တရားဝင် ထောက်ခံအားပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ခက်ခဲစွာ ကြိုးပမ်းအားထုတ်ခဲ့ပြီးနောက် တွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်း မှာ ကောင်းမွန်သည့် အခြေအနေ သို့ ရောက်ရှိလာပြီး နေ့စဉ် နေထိုင်သွားလာမှု နှင့် ကုန်ထုတ်လုပ်မှုများသည်လည်း ပုံမှန်အခြေအနေ သို့ မြန်ဆန်စွာ ပြန်လည် ရောက်ရှိလာနေကြောင်း ၊ နောက်တစ်ဆင့် အနေဖြင့် တရုတ် နိုင်ငံ တွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ကို တိုးချဲ့ ဆောင်ရွက်သွားပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ကို ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ပြည်သူလူထု က ကပ်ရောဂါ အား တိုက်ဖျက် နိုင်မည်မှာ သေချာ ပြီး မိမိ အနေဖြင့် စီမံထားသည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည် ဖော်နိုင်မည် ကို အပြည့်အဝ ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ ပြည်သူလူထု အနေဖြင့် ကမ္ဘာ့ နိုင်ငံ အသီးသီး ကပ်ရောဂါ ထိန်းချုပ် ကာကွယ်ရန် အတွက် တန်ဖိုးကြီးမားသည့် အချိန်များ ရရှိနိုင်ရန် ဆောင်ရွက်ပေး ခဲ့ကြကြောင်း ၊ လက်ရှိချိန်တွင် နိုင်ငံ အများအပြား ၌ ကပ်ရောဂါ များ ဖြစ်ပွား နေပြီး အခြေအနေ က စိုးရိမ်ဖွယ် ကောင်းကြောင်း ၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် သက်ဆိုင်ရာ ဆောင်ရွက်မှုများ လျှင်မြန်စွာ ဆောင်ရွက်ပြီး ထိရောက်သည့် နိုင်ငံတကာ ပူးပေါင်း ကာကွယ်ထိန်းချုပ်မှု လုပ်ငန်း ဆောင်ရွက်သွားသင့်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် သက်ဆိုင်ရာ နိုင်ငံများ အား ကပ်ရောဂါ တိုက်ဖျက်ရေး နှင့် ပတ်သက်သည့် အတွေ့အကြုံများ အား မျှဝေပေးလိုပြီး ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် အတွက် အတူတကွ သုတေသန ဆောင်ရွက်သွားလိုကြောင်း ၊ ကပ်ရောဂါ ဖြစ်ပွား နေသည့် နိုင်ငံ များကို လည်း တရုတ် နိုင်ငံ အနေဖြင့် ကူညီဆောင်ရွက်မှုများ အစွမ်းကုန် ဆောင်ရွက်ပေးသွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ တို့ ကို ထောက်ခံအားပေးသွားပြီး မူဝါဒ ညှိနှိုင်းဆောင်ရွက်မှုများ ကို တိုးချဲ့ ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အား အမေရိကန် ဒေါ်လာ သန်း ၂၀ လှူဒါန်းမှု ပြုလုပ်ပေးခဲ့ပြီး နိုင်ငံတကာ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ထောက်ပံ့မှု ပြုလုပ်ပေးခဲ့ကြောင်း ၊ COVID-19 ရောဂါ ဖြစ်ပွားခြင်းကြောင့် လူသား အားလုံး သည် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ဖြစ်ကြောင်း ကို ထပ်မံ ပေါ်လွင်စေခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အကျိုးတူ အသိုက်အဝန်း အတွေးအမြင် ရှိအောင် တည်ဆောက်ပြီး အပြန်အလှန် ကူညီဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ၊ အခက်အခဲ နှင့် စိန်ခေါ်မှုများ အား အတူတကွ လက်တွဲရင်ဆိုင်သွားပြီး အတူတကွ လှပကောင်းမွန်သည့် ကမ္ဘာကြီးအား တည်ဆောက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဂူတာရက်စ် က တရုတ် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်မှု များစွာ ကျးဆင်သွားသည့် အတွက် လွန်စွာ ဝမ်းမြောက်ပြီး တရုတ် နိုင်ငံ အား ချီးမွမ်းလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မကြာမီ ကပ်ရောဂါ အား တိုက်ဖျက် နိုင်မည် ဖြစ်ပြီး စီးပွားရေး မှာလည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန် လာမည် ကို ယုံကြည်ကြောင်း ၊ ကုလသမဂ္ဂ အနေဖြင့် တရုတ် နိုင်ငံ မှ အခက်အခဲ ရှိသည့် နိုင်ငံများ အား ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည့် အပေါ် ကျေးဇူးတင်လိုကြောင်း ၊ တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးဆဲနိုင်ငံများ အား ကပ်ရောဂါ တိုက်ဖျက်ရေး နှင့် ပတ်သက်သည့် အတွေ့အကြုံများ မျှဝေပေးခြင်း နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်း ကိရိယာ များ ကူညီထောက်ပံ့ပေးခြင်း အပေါ် ချီးမွမ်းလိုကြောင်း ၊ တရုတ် နိုင်ငံ ၏ ဆောင်ရွက်မှု များ က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ အတွက် လွန်စွာ အရေးပါပြီး ကုလသမဂ္ဂ အနေဖြင့် နိုင်ငံတကာ ကိစ္စရပ် များတွင် တရုတ် နိုင်ငံ အား အရေးပါသည့် ဦးဆောင်မှု ကို ဆောင်ရွက်သွားရန်  မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.