Connect with us

CHINA

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့၌ COVID-19 တိုက်ဖျက်ရေးတွင် အငြိမ်းစားဝန်ထမ်းများက စေတနာ့ဝန်ထမ်းများအဖြစ် ပါဝင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့် မြူနီစီပယ်၊ ပေးပေခရိုင်တွင် COVID-19 တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေသော အသက် ၆၂ နှစ်အရွယ် စေတနာ့ဝန်ထမ်း ဟွမ်ယွမ်ကျင်အား တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ မတ် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့် မြူနီစီပယ်၊ ပေးပေခရိုင်ရှိ အဆောက်အအုံများအတွင်း စေတနာ့ဝန်ထမ်း ၁,၂၁၆ ဦးသည် COVID-19 ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအတွက် ကူညီလုပ်ဆောင်နေကြသည်။

နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုဖြစ်ပွားချိန်ကစ၍ ၎င်းတို့သည် နေထိုင်သူများ၏ အချက်အလက်များ စစ်ဆေးခြင်း၊ ပြင်ပ ဝင်ရောက်မှုကို တားမြစ်ခြင်းနှင့် ရပ်ရွာလူထုအသိုက်အဝန်းအား ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အသိပညာများ ရှင်းလင်းပြောကြားခြင်းများအတွက် စေတနာအလျောက် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့် မြူနီစီပယ်၊ ပေးပေခရိုင်တွင် COVID-19 တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေသော အသက် ၆၂ နှစ်အရွယ် စေတနာ့ဝန်ထမ်း ဟွမ်ယွမ်ကျင်အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့် မြူနီစီပယ်၊ ပေးပေခရိုင်တွင် COVID-19 တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေသော အသက် ၆၂ နှစ်အရွယ် စေတနာ့ဝန်ထမ်း ဟွမ်ယွမ်ကျင်အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့် မြူနီစီပယ်၊ ပေးပေခရိုင်တွင် COVID-19 တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေသော အသက် ၆၃ နှစ်အရွယ် စေတနာ့ဝန်ထမ်း ဆန်းချွန်းသဲအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့် မြူနီစီပယ်၊ ပေးပေခရိုင်တွင် COVID-19 တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေသော အသက် ၆၃ နှစ်အရွယ် စေတနာ့ဝန်ထမ်း ဆန်းချွန်းသဲအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့် မြူနီစီပယ်၊ ပေးပေခရိုင်တွင် COVID-19 တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေသော အသက် ၆၈ နှစ်အရွယ် စေတနာ့ဝန်ထမ်း ကျန်းဖူမင် (ယာ) အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့် မြူနီစီပယ်၊ ပေးပေခရိုင်တွင် COVID-19 တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေသော အသက် ၆၈ နှစ်အရွယ် စေတနာ့ဝန်ထမ်း ကျန်းဖူမင် (ဝဲ) အား တွေ့ရစဉ် (ဆင်ဟွာ)

စေတနာ့ဝန်ထမ်းအများစုမှာ ပျမ်းမျှအားဖြင့် အသက် ၅၈ နှစ်ဝန်းကျင်ရှိကြပြီး အငြိမ်းစားဝန်ထမ်းများဖြစ်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အချိန်ကို အများအကျိုးအတွက် အသုံးပြုနေကြသူများလည်း ဖြစ်သလို အချို့မှာ ထိုအလုပ်ကို ပီတိဖြစ်ဖွယ် လုပ်ဆောင်မှုတစ်ခုဟု မှတ်ယူထားကြသည်ဟု ဆိုသည်။“ကျွန်မ အငြိမ်းစားယူပြီးတဲ့နောက်မှာ ကိုယ့်ရပ်ကွက်အတွက် တစ်ခုခု လုပ်ပေးနိုင်သေးတဲ့အတွက် ဝမ်းသာပါတယ်” ဟု စေတနာ့ဝန်ထမ်းများအနက် တစ်ဦးဖြစ်သော အသက် ၆၂ နှစ်အရွယ် ဟွမ်ယွမ်ကျင်က ပြောခဲ့သည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.