Connect with us

CHINA

ရပ်ဝန်းနှင့် ပိုးလမ်း ငွေကြေးအဖွဲ့အစည်းများက COVID-19 တိုက်ဖျက်ရေးအား ထောက်ပံ့ရန် တိုက်တွန်း

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန့်မြို့ရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှာဖွေစစ်ဆေးခြင်း ဓာတ်ခွဲခန်းတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ)

ရပ်ဝန်းနှင့် ပိုးလမ်းမ ငွေကြေးအဖွဲ့အစည်းများအနေဖြင့် ကမ္ဘာကြီးအား နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်သွားသင့်ကြောင်းနှင့် စီးပွားရေးတိုးတက်မှု တည်ငြိမ်ရေး ထိန်းသိမ်းရာတွင် ကူညီသွားသင့်ကြောင်း ပြောကြားလိုက်သည်။

၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဘဏ်မှ အစပြုတည်ထောင်ခဲ့သော ရပ်ဝန်းနှင့် ပိုးလမ်းမ ဘဏ်အချင်းချင်း ပုံမှန် ပူးပေါင်းဆောင်ရွက်မှုယန္တရားက အဆိုပြုချက်တစ်ခုကို မကြာသေးမီက ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်သည် COVID-19 တိုက်ဖျက်နေသည့် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအား ထောက်ပံ့ပေးရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း People Bank of China က မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

၎င်းလုပ်ဆောင်ချက်သည် ကူးစက်ရောဂါ တိုက်ဖျက်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများနှင့် ဆောင်ရွက်ချက်များအား အခိုင်အမာပြောဆိုလိုက်ခြင်းဖြစ်သလို ကူးစက်နေစဉ်ကာလအတွင်း တရုတ်နိုင်ငံ၏ အောင်မြင်မှုနှင့် ကာလရှည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ယုံကြည်မှုရှိခြင်းကို ပြသခြင်းလည်း ဖြစ်သည်။ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် တည်ဆောက်ရေးအတွက် ငွေကြေးထောက်ပံ့မှု တိုးတက်ရန် ရည်ရွယ်ချက်ဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ ဘဏ်အချင်းချင်း ပုံမှန် ပူးပေါင်းဆောင်ရွက်မှုယန္တရားကို တည်ထောင်ထားခြင်းဖြစ်ပြီး ယခုအခါ နိုင်ငံနှင့် ဒေသ ၅၁ ခုမှ ငွေကြေးအဖွဲ့အစည်း ၉၄ ခုရှိလာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117