Connect with us

CHINA

သမ္မတ ရှီကျင့်ဖိန်သည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သိပံ္ပသုတေသနလုပ်ဆောင်မှုများအား  စစ်ဆေးကြည့်ရှုပြီးအားပေးစကားပြောကြား

သမ္မတရှီကျင့်ဖိန်သည် မတ် ၂ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ရှိ စစ်ဆေးသိပံ္ပအကယ်ဒမီသို့ သွားရောက်ပြီး COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ သိပ္ပံ သုတေသန လုပ်ဆောင်မှုအခြေအနေများအား စစ်ဆေးကြည့်ရှု၍ အားပေးစကားပြောကြားစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌသမ္မတရှီကျင့်ဖိန်သည်မတ်၂ရက်တွင်ပေကျင်းမြို့ရှိCOVID-19ရောဂါကာကွယ်ထိန်းချုပ် ရေးဆိုင်ရာသိပံ္ပသုတေသနလုပ်ဆောင်မှုများအားသွားရောက်စစ်ဆေးလေ့လာကြည့်ရှုခဲ့ရာဗဟိုပါတီကိုယ်စားရောဂါကာကွယ်ထိန်းချုပ်ရေးသိပ္ပံသုတေသနအားရှေ့တန်းမှဆောင်ရွက်နေကြသည့် သိပံ္ပနည်းပညာဝန်ထမ်းများအားကျေးဇူးတင်ရှိကြောင်းနှင့်အားပေးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

သမ္မတရှီသည်လူသားတို့အတွက်ရောဂါကပ်ဘေးနှင့်ရင်ဆိုင်အံတုရာ၌ စွမ်းထက်သည့်လက်နက်မှာသိပံ္ပနည်းပညာပင်ဖြစ်သလိုကပ်ဘေးကိုအနိုင်တိုက်ဖျက်ရာတွင်လည်း သိပံ္ပဖွံ့ဖြိုးမှု၊နည်းပညာဖန်တီးမှုနှင့်ကင်းကွာ၍မရကြောင်း၊COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး သိပံ္ပသုတေသန လုပ်ငန်းကို အဓိကအရေးပေါ်တာဝန်ကြီးတစ်ရပ်အဖြစ် ကဏ္ဍစုံအင်အားကို ပေါင်းစည်း၍တသတ်မတ်တည်းဦးဆောင်ကာတက်ညီလက်ညီ တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ သိပံ္ပနည်းကျ၊ လုံခြုံစိတ်ချမှုကို အခြေခံကာ  သုတေသနလုပ်ဆောင်မှုများအား အရှိန်မြှင့်တင် ဆောင်ရွက်ပြီး ရောဂါကာကွယ်တိုက်ဖျက်ရေး အခက်အခဲများကို ကျော်လွှားကာ ရောဂါကာကွယ် ထိန်းချုပ်ရေး ပြည်သူ့စစ်ပွဲကို အနိုင်ရစေရန် အားကောင်းသည့်ပံ့ပိုးမှုများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ 

သမ္မတရှီကျင့်ဖိန်သည် မတ် ၂ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ရှိ စစ်ဆေးသိပံ္ပအကယ်ဒမီသို့ သွားရောက်ပြီး  COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ သိပ္ပံ သုတေသန လုပ်ဆောင်မှုအခြေအနေများအား  စစ်ဆေးကြည့်ရှု၍ အားပေးစကားပြောကြားစဉ် (ဆင်ဟွာ)

သမ္မတရှီကျင့်ဖိန်သည် မတ် ၂ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ရှိ စစ်ဆေးသိပံ္ပအကယ်ဒမီသို့ သွားရောက်ပြီး  COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ သိပ္ပံ သုတေသန လုပ်ဆောင်မှုအခြေအနေများအား  စစ်ဆေးကြည့်ရှု၍ အားပေးစကားပြောကြားစဉ် (ဆင်ဟွာ)

သမ္မတရှီကျင့်ဖိန်သည် မတ် ၂ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ရှိ စစ်ဆေးသိပံ္ပအကယ်ဒမီသို့ သွားရောက်ပြီး  COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ သိပ္ပံ သုတေသန လုပ်ဆောင်မှုအခြေအနေများအား  စစ်ဆေးကြည့်ရှု၍ အားပေးစကားပြောကြားစဉ် (ဆင်ဟွာ)

သမ္မတရှီသည် မတ် ၂ ရက် ညနေပိုင်းက စစ်ဆေးသိပံ္ပအကယ်ဒမီ(Academy of Military Medical Sciences)၏ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး သိပ္ပံ သုတေသန လုပ်ဆောင်မှုအခြေအနေများအားသွားရောက်ကြည့်ရှုရာတွင်ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ပညာရှင် များနှင့်သက်ဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီး အားပေး နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ 

သမ္မတရှီက ကုသပျောက်ကင်းနှုန်းကိုတိုးမြှင့်၍ သေဆုံးမှုနှုန်းကို လျှော့ချကာ ရောဂါတိုက်ဖျက်ရေး တိုက်ပွဲကို နောက်ဆုံးအနိုင်ရရှိစေရန် သိပံ္ပနည်းပညာကို အဓိက အားထားရမည် ဖြစ်ကြောင်း ၊ COVID-19ရောဂါ စတင်ဖြစ်ပွားပြီးနောက် စစ်ဆေးသိပံ္ပအကယ်ဒမီသည် ဗဟိုပါတီနှင့် ဗဟို စစ်ကော်မရှင်၏ဆုံးဖြတ်ချက်ညွှန်ကြားချက်များကိုမိနစ်စက္ကန့်မခြားစုပေါင်းအင်အားဖြင့် အရေးပေါ်ဖြေရှင်းရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို ချက်ချင်းလက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည်အပိုင်းအခြားရလဒ်တစ်ခုရရှိခဲ့ပြီဖြစ်ရာပြည်သူ့တပ်မတော်က  ပါတီနှင့်ပြည်သူများအပေါ်ထားရှိသော သစ္စာ၊ အခက်အခဲမကြောက် ရဲဝံ့စွာ အနိုင်တိုက်ဖျက်သည့် ကောင်းမွန်သောစွမ်းဆောင်ချက်ကိုအပြည့်အဝပြသနိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း အထူးတပ်ဖွဲ့၊ အဓိကပင်မအင်အားစုတပ်ဖွဲ့အနေဖြင့်လုံခြုံထိရောက်သည့်ကာကွယ်ဆေး၊ ရောဂါစမ်းသပ်မှုနှင့်ကုသဆေးဝါးပစ္စည်းကိုတတ်နိုင်သလောက်လျှင်မြန်စွာသုတေသနပြု ထုတ်လုပ်သွားရမည်ဖြစ်ပြီး ရောဂါတိုက်ဖျက်ရေး လိုအပ်ချက်များကို အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ပြည်သူများ၏အသက်အိုးအိမ်နှင့်ကျန်းမာရေးကို ကာကွယ်ရန်နှင့် အမျိုးသားမဟာဗျူဟာလုံခြုံရေးကိုထိန်းသိမ်းကာကွယ်ရန်အကျိုးပိုမိုထမ်းဆောင်သွားရမည်ဖြစ ်ကြောင်း ပြောကြားခဲ့သည်။ 

သမ္မတရှီကျင့်ဖိန် မတ် ၂ ရက် ညနေပိုင်းတွင် ချင်းဟွာတက္ကသိုလ် ဆေးကျောင်းသို့ သွားရောက်ပြီး  COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သိပ္ပံ သုတေသန လုပ်ဆောင်မှုအခြေအနေများအား  စစ်ဆေးကြည့်ရှု၍ အားပေးစကားပြောကြားစဉ် (ဆင်ဟွာ)

ချင်းဟွာတက္ကသိုလ် ဆေးကျောင်းတွင် ကျင်းပသည့် ဆွေးနွေးပွဲ၌ သမ္မတရှီကျင့်ဖိန် အရေးကြီးအမှာစကားပြောကြားစဉ်(ဆင်ဟွာ)

ချင်းဟွာတက္ကသိုလ် ဆေးကျောင်းတွင် ကျင်းပသည့် ဆွေးနွေးပွဲ၌ သမ္မတရှီကျင့်ဖိန် အရေးကြီးအမှာစကားပြောကြားစဉ်(ဆင်ဟွာ)

ထို့နောက် သမ္မတရှီသည် ချင်းဟွာ တက္ကသိုလ် (Tsinghua University)ဆေးကျောင်းသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပြီး အမှာစကားပြောကြားခဲ့သည်။သမ္မတရှီက  COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး တိုက်ပွဲတွင် အဓိက စစ်ဆင်ရေး လမ်းကြောင်းနှစ်ခုရှိရာ တစ်ခုမှာ ရောဂါကာကွယ်ထိန်းချုပ်ရေး တိုက်ပွဲ၏ ရှေ့တန်းမြေပြင်ဖြစ်ပြီး အခြားတစ်ခုမှာ သိပံ္ပသုတေသနလုပ်ငန်းနှင့် ထောက်ပံ့ရေးပစ္စည်းထုတ်လုပ်မှုဖြစ်ကြောင်း၊ ဤ လမ်းကြောင်းသည်နှစ်သွယ်အပြန်အလှန်လက်တွဲပူးပေါင်းဖြည့်ဆည်းရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် လူဦးရေ သန်းပေါင်း ၁,၄၀၀ ကျော်ရှိသည့် နိုင်ငံကြီးဖြစ်ရာ  ကပ်ရောဂါနှင့် ရုတ်တရက်ဖြစ်ပွားသော ပြည်သူ့ ကျန်းမာရေးအန္တရာယ်များကို ကာကွယ်ဖြေရှင်းရန်မှာ မိမိတို့ အလေးထားရမည့် ကိစ္စဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ကပ်ရောဂါ စောင့်ကြည့်ထိန်းချုပ်ရေး ကွန်ရက်နှင့် စည်းမျဉ်းဥပဒေသတ်မှတ်ချက်များကိုပြည်စုံအောင်ဆောင်ရွက်ရမည်ဖြစ်ပြီးရှေ့ဆောင်နည်း ပညာနှင့်ထိပ်တန်းလူရည်ချွန်ပျိုးထောင်မှုကိုလည်းပိုမိုအားထားဆောင်ရွက်ကာ ရုတ်တရက်ဖြစ်ပွားသည့်ြည်သူ့ကျန်းမာရေးအရေးကိစ္စကြီးများကိုဖြေရှင်းဆောင်ရွက်သည့် စွမ်းရည်အား အမြန်ဆုံး မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဆက်လက်၍သမ္မတရှီသည်ချင်းဟွာတက္ကသိုလ်ဆေးကျောင်းတွင်ဆွေးနွေးပွဲပြုလုပ်၍ သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန၏တစ်နိုင်ငံလုံးဆိုင်ရာဆေးဝါးနှင့်ကာကွယ်ဆေး သုတေသနလုပ်ငန်းအစီရင်ခံမှုနှင့်အမျိုးသားကျန်းမာရေးကော်မရှင်၏ထိရောက်သော ကုထုံးအတွေ့အကြုံဆောင်ရွက်ပုံအစီရင်ခံမှုများကိုကြားနာပြီးအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)