Connect with us

CHINA

တရုတ် နိုင်ငံ ဝန်ကြီးချုပ် က အာဆီယံ + ၃ COVID-19 ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ခေါင်းဆောင်းများ အထူး အစည်းအဝေး တက်ရောက် 

ပေကျင်း ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် က ဧပြီလ ၁၄ ရက် ညနေပိုင်း အချိန် တွင် ပေကျင်းမြို့ မှ အာဆီယံ + ၃ COVID-19 ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ခေါင်းဆောင်းများ အထူး အစည်းအဝေး တက်ရောက် ခဲ့ပြီး အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ မှ နိုင်ငံ့ခေါင်းဆောင်များ ၊ တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင်း ၊ ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက်  (Tedros Adhanom Ghebreyesus) နှင့် အာဆီယံ အတွင်းရေးမှူးချုပ် လင်ယွီဟွေး တို့က တက်ရောက် ခဲ့ကြသည်။

အစည်းအဝေး တွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က လက်ရှိချိန်တွင် ကမ္ဘာ့ နိုင်ငံပေါင်း ၂၀၀ ကျော် တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်နေပြီး ကမ္ဘာ့လူသား ကျန်းမာရေး လုံခြုံမှု အား ဆိုးရွားစွာ ခြိမ်းခြောက်မှု ဖြစ်ပွားစေခဲ့ကာ ကမ္ဘာ့စီးပွားရေး သည်လည်း ဆိုးရွားစွာ ထိခိုက်မှု ဖြစ်ပွားစေခဲ့ကြောင်း ၊ လတ်တလော ရက်ပိုင်း အတွင်း ကျင်းပ ပြုလုပ်ခဲ့သည့် G 20 ခေါင်းဆောင်များ အထူးအစည်းအဝေး တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က နိုင်ငံတကာ အသိုင်းအဝိုင်း အား ခိုင်မြဲသည့် ယုံကြည်မှု ရှိရန် နှင့် စည်းလုံးညီညွတ်စွာဖြင့် ဘက်စုံ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အား တိုးချဲ့ရန် အကြံပြုခဲ့ကြောင်း ၊ အာဆီယံ +၃ အနေဖြင့် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အတွေးအမြင် အား တိုးချဲ့ရမည် ဖြစ်ပြီး အေးအတူပူအမျှ အပြန်အလှန် စောင့်ရှောက်ကူညီခြင်းဖြင့် အရှေ့အာရှဒေသ ကပ်ရောဂါ အမြန်ဆုံး တိုက်ဖျက်နိုင်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

 တရုတ် နိုင်ငံ ဝန်ကြီးချုပ် က အာဆီယံ + ၃ COVID-19 ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ခေါင်းဆောင်းများ အထူး အစည်းအဝေး တက်ရောက် နေစဉ် (ဆင်ဟွာ)

 တရုတ် နိုင်ငံ ဝန်ကြီးချုပ် က အာဆီယံ + ၃ COVID-19 ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ခေါင်းဆောင်းများ အထူး အစည်းအဝေး တက်ရောက် နေစဉ် (ဆင်ဟွာ)

ထို့ပြင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က အာဆီယံ +၃ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရာတွင် ပထမ အချက်အနေဖြင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း တွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ပြီး အများပြည်သူ ကျန်းမာရေး အဆင့်အတန်း မြှင့်တင်သွားရမည် ဖြစ်ကြောင်း ၊ ဒုတိယ အချက်အနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်ပြီး ဒေသတွင်း စီးပွားရေး တပြေးညီ အသိုက်အဝန်း တစ်ခု ဖြစ်ရေး အား တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တတိယ အချက်အနေဖြင့် မူဝါဒ ညှိနှိုင်းဆောင်ရွက်မှု အား အနီးကပ်အားစိုက်ဆောင်ရွက်ပြီး စိန်ခေါ်မှု အမျိုးမျိုးကို ကာကွယ်သွားရမည် ဖြစ်ကြောင်း ၊ ကပ်ရောဂါ သည် လူသားအားလုံး အတူတကွ ရင်ဆိုင်ရသော ရန်သူ ဖြစ်ပြီး တရုတ် နိုင်ငံ ပြည်သူလူထု အနေဖြင့် အရှေ့အာရှ ပြည်သူလူထု နှင့် ကမ္ဘာပေါ်ရှိ ပြည်သူလူထု များနှင့် အတူတကွ ရပ်တည်ကာ အေးအတူပူအမျှ လက်ရှိကြုံတွေ့နေရသော အခက်အခဲ ကို ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။

ယခု အကြိမ် ကျင်းပ ပြုလုပ်သည့် အစည်းအဝေး အား ဗီဒီယို အစည်းအဝေး ပုံစံ ဖြင့် ကျင်းပ ပြုလုပ် ခဲ့ပြီး အစည်းအဝေး အပြီး တွင် “အာဆီယံ + ၃ COVID-19 ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ခေါင်းဆောင်းများ အထူး အစည်းအဝေး ပူးတွဲကြေညာစာတမ်း” အား ထုတ်ပြန်ကြေညာ ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.