Connect with us

CHINA

ဝူဟန့်မြို့ လေးဆန်ဆန်းဆေးရုံရှိ နောက်ဆုံးအသုတ် COVID-19 လူနာများအား လွှဲပြောင်းပြီးနောက် ဆေးရုံလည်ပတ်မှု ပြီးဆုံး

ဝူဟန့်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှု လျော့နည်းလာသဖြင့် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော်ဝူဟန့်တွင် ယာယီဆေးရုံတစ်ရုံဖြစ်သော လေးဆန်ဆန်းဆေးရုံ၏ လုပ်ငန်းတာဝန်များ ဧပြီ ၁၅ ရက်တွင် ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

လေးဆန်ဆန်း (Thunder God Mountain) ဆေးရုံအား COVID-19 လူနာများအား ကုသရန် အချိန် ၁၀ ရက်ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံရှိ လူနာဆောင်များအား ဆးဝန်ထမ်းများက ပိုးသတ်ဆေးဖျန်းနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံမှ COVID-19 လူနာ နောက်ဆုံးအသုတ်အား ဆေးရုံကားများဖြင့် အခြားဆေးရုံများသို့ ဧပြီ ၁၄ ရက်က လွှဲပြောင်းပေးနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံမှ COVID-19 လူနာ နောက်ဆုံးအသုတ်အား ဆေးရုံကားများဖြင့် အခြားဆေးရုံများသို့ ဧပြီ ၁၄ ရက်က လွှဲပြောင်းပေးနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံမှ COVID-19 လူနာတစ်ဦးအား ဝူဟန့်တက္ကသိုလ် ကျုံးနန်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်နေသည်ကို ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံမှ COVID-19 လူနာ နောက်ဆုံးအသုတ်အား ဆေးရုံကားများဖြင့် အခြားဆေးရုံများသို့ ဧပြီ ၁၄ ရက်က လွှဲပြောင်းပေးနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံတွင် COVID-19 လူနာအား အခြားဆေးရုံသို့ လွှဲပြောင်းခြင်းမပြုမီ ဂရုတစိုက်ပြုစုပေးနေသည်ကို ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံမှ COVID-19 လူနာ နောက်ဆုံးအသုတ်အား ဆေးရုံကားများဖြင့် အခြားဆေးရုံများသို့ ဧပြီ ၁၄ ရက်က လွှဲပြောင်းပေးနေစဉ် (ဆင်ဟွာ)

ယာယီဆေးရုံများဖြစ်ကြသော ဟောဆန်ဆန်းနှင့် လေးဆန်ဆန်း ဆေးရုံရှိ COVID-19 လူနာ များအား အရည်အသွေးမြင့် ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များရှိရာ ဝူဟန့်ရှိ ဆေးရုံကြီးလေးရုံသို့ ဧပြီ ၁၅ ရက်တွင် အပြီးသတ် ရွှေ့ပြောင်းပေးမည်ဖြစ်ပြီး လေးဆန်ဆန်း ဆေးရုံရှိ လူနာ နောက်ဆုံးအသုတ်အား ဧပြီ ၁၄ ရက်တွင် ရွှေ့ပြောင်းပြီးဖြစ်ကြောင်းသိရသည်။

လေးဆန်ဆန်းဆေးရုံ ပိတ်ပွဲ အခမ်းအနားတွင် ဆရာဝန်များနှင့် သူနာပြုများက အလံများဝှေ့ယမ်းခဲ့ပြီး ၎င်းတို့၏နာမည်များကို လုပ်ဖော်ကိုင်ဖက်များ၏ အင်္ကျီများပေါ်၌ အမှတ်တရ ရေးထိုးခဲ့ကြသည်။

လေးဆန်ဆန်းဆေးရုံအား ဧပြီ ၁၅ ရက်တွင် ပိတ်သိမ်းခဲ့ပြီးနောက် ချက်ချင်း ဖျက်သိမ်းမည်မဟုတ်ဘဲ ခေတ္တထားရှိဦးမည်ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။

“ဒီဆေးရုံကို ဘယ်တော့မှ ပြန်လည်မစတင်ရဖို့ မျှော်လင့်ပါတယ်” ဟု ခရိုင်တာဝန်ရှိသူတစ်ဦးက ဆေးရုံပိတ်ပွဲသို့ တက်ရောက်လာသည့် လူထုအား ပြောခဲ့သည်။ 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် ဧပြီ ၁၄ ရက်၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) အတည်ပြုလူနာအသစ် မရှိကြောင်း ဒေသခံ ကျန်းမာရေးအာဏာပိုင်များက ဧပြီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.