Connect with us

CHINA

တရုတ်-ရုရှား နှစ်နိုင်ငံ အနေဖြင့် ပိုမို ခိုင်မြဲစွာ အတူတကွ ရပ်တည်သွားပြီး ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းတွင် ကြုံတွေ့သည့် အတားအဆီးကို လက်တွဲရင်ဆိုင်သွားမည် 

ပေကျင်း ၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း က ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov မှ ဥရောပ နှင့် အမေရိကန် နိုင်ငံရေးသမား တို့ ၏ တရုတ် နိုင်ငံ က ကပ်ရောဂါ အခြေအနေ အား ဖုံးကွယ်သည်ဟု ဝေဖန်ခြင်း အား ပြင်းထန်စွာ ကန့်ကွက်ခြင်း အပေါ် တရုတ် နိုင်ငံ အနေဖြင့် မြင့်မားစွာ အသိအမှတ်ပြုလိုကြောင်း ၊ ခေတ်သစ် ဘက်စုံ မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တည်ရှိသည့် တရုတ်-ရုရှား နှစ်နိုင်ငံ အနေဖြင့် ပိုမို ခိုင်မြဲစွာ အတူတကွ ရပ်တည်သွားပြီး ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း တွင် ကြုံတွေ့သည့် အတားအဆီး ကို လက်တွဲရင်ဆိုင်သွားမည် ဖြစ်ကြောင်း ဧပြီ ၁၅ ရက် ၌ ပြောကြား ခဲ့သည်။

ကျောက်လိကျင်း က COVID-19 ရောဂါ စတင် ဖြစ်ပွားချိန် တွင် ရုရှား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ အား နိုင်ငံရေးအရ ၊ ကိုယ်ကျင့်တရားအရ နှင့် ထောက်ပံ့ရေးပစ္စည်းအရ ထောက်ခံအားပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း ၊ ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin)

အနေဖြင့် အများပြည်သူရှေ့မှောက်တွင် တရုတ် နိုင်ငံ ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှု နှင့် ပတ်သက်၍ အကြိမ်ကြိမ် ချီးမွမ်းမှု ဆောင်ရွက် ခဲ့ပြီး တရုတ် နိုင်ငံ ပြည်သူလူထု ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အား ထောက်ခံအားပေးခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ရုရှား နိုင်ငံ က ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ၏ အရေးပါသည့် အချိန်ကာလ သို့ ရောက်ရှိနေပြီး တရုတ် နိုင်ငံ အနေဖြင့် မိမိ ပြည်တွင်း ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းအား ဆက်လက်ဆောင်ရွက်သွားကာ ရုရှား နိုင်ငံ အား အတတ်နိုင်ဆုံး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်း က တရုတ်-ရုရှား နှစ်နိုင်ငံ ပြည်သူလူထု တို့ က အေးအတူပူအမျှ အပြန်အလှန် ကူညီသည့် ရိုးရာ အစဉ်အလာ ကို ပေါ်လွင်စေပြီး တရုတ်-ရုရှား ခေတ်သစ် ဘက်စုံ မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ၏ အဆင့်အတန်း မြင့်မားမှု နှင့် ထူးခြားမှု ကို ထင်ရှားစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပြောရေးဆိုခွင့်ရှိသူ က တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ ရုရှား နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် အတူတကွ လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူ အသိုက်အဝန်း ကို အခြေခံ၍ ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသမှု အတွေ့အကြုံများကို မျှဝေပေးသွားလိုကြောင်း ၊ နိုင်ငံတကာ ကပ်ရောဂါ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအား တိုးချဲ့ ဆောင်ရွက်သွားပြီး အတူတကွ စိန်ခေါ်မှု ကို လက်တွဲရင်ဆိုင်သွားကာ ကမ္ဘာ့အများပြည်သူ ကျန်းမာရေး လုံခြုံမှု ကို ထိန်းသိမ်းသွားလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)