Connect with us

CHINA

ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေသည့် နိုင်ငံများမှ တရုတ်နိုင်ငံသားများအား စင်းလုံးဌား လေယာဉ် ၁၆ စင်းဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ 

ပေကျင်း ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေသည့် နိုင်ငံများ၌ သောင်တင်နေသော တရုတ်နိုင်ငံသား ၂,၇၄၄ ဦးကို ပြန်လည်ခေါ်ဆောင်ရန် စင်းလုံးဌား လေယာဉ်များကို စေလွှတ်ခဲ့ကြောင်း နိုင်ငံ၏ မြို့ပြလေကြောင်း ထိပ်တန်းအရာရှိများက ယနေ့တွင် ပြောကြားခဲ့သည်။ 

တရုတ်စင်းလုံးဌားလေယာဉ် ၁၆ စင်းသည် မတ် ၄ ရက်မှ ဧပြီ ၁၂ ရက်အထိ အီရန် ၊ အီတလီ ၊ အင်္ဂလန် ၊ အမေရိကန် နှင့် စပိန် နိုင်ငံများသို့ သွားရောက်၍   ပြည်ပ၌ ပညာသင် ကျောင်းသား ၁,၄၄၉ ဦး အပါအဝင် တရုတ်နိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်လာခဲ့ကြောင်း တရုတ်နိုင်ငံ မြို့ပြ လေကြောင်းဦးစီးဌာနထံမှ သိရသည်။ 

တရုတ် နိုင်ငံ တစ်ဝှမ်း လေဆိပ်များမှတစ်ဆင့် နေ့စဉ် ဝင်ရောက်ခဲ့သည့် ခရီးသည် အရေအတွက်မှာ ပြီးခဲ့သော ၁၆ ရက်အတွင်း ဦးရေ ၂,၀၀၀ မှ ၃,၀၀၀ အထိ ရှိခဲ့ပြီး ယင်းကာလအတွင်း တစ်နေ့လျှင် ဆိုက်ရောက်သည့်လေယာဉ် အစီး ၂၀ ထက် မပိုသောကြောင့် ဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ အနေဖြင့် ပြည်ပမှဝင်ရောက်လာသူများမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ရန် နိုင်ငံတကာ လေကြောင်းခရီးစဉ်များအား လျှော့ချခြင်း နှင့် ပေကျင်းသို့ ပထမဦးစွာ သွားရောက်မည့် နိုင်ငံတကာ လေကြောင်း ခရီးစဉ်များ အားလုံး တစ်ခြားလေဆိပ်များသို့ လမ်းကြောင်းပြောင်းရန် လိုအပ်ခြင်း စသည့် အစီအမံများအား တိုးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)