Connect with us

CHINA

တရုတ်နိုင်ငံက COVID-19 ရောဂါတိုက်ဖျက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်း ထုတ်ပြန်

တရုတ်နိုင်ငံက COVID-19 တိုက်ဖျက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းထုတ်ပြန်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက နိုင်ငံ၏ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းတစ်စောင်ကို ယနေ့ ဇွန် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

COVID-19 တိုက်ဖျက်ရေး တရုတ်နိုင်ငံ၏ လှုပ်ရှားဆောင်ရွက်မှုများ”Fighting COVID-19: China in Action,” ဟုအမည်ပေးထားသည့် စက္ကူဖြူစာတမ်းကို နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးရုံးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် မိမိဘာသာ လုပ်ဆောင်ခဲ့သော နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှု မှတ်တမ်းမှတ်ရာများကို သိမ်းဆည်းထားရန် ၊ ကမ္ဘာကြီးသို့ အတွေ့အကြုံများကို မျှဝေပေးသွားရန် နှင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးစစ်မြေပြင် အတွေးအမြင်အယူအဆများကို ပိုမိုသိရှိနားလည်စေရန်အတွက် စက္ကူဖြူစာတမ်းအဖြစ် တရုတ်နိုင်ငံအစိုးရမှ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ 

COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသည် ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး လူသားများအတွက် ပြဿနာရပ်တစ်ခုဖြစ်ခဲ့ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။“ မသိနိုင်သော ၊ မခန့်မှန်းနိုင်သော  ၊ ပျက်စီးဆုံးရှုံးမှု ဖြစ်စေသည့် ကပ်ရောဂါကြီး” ကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံအနေဖြင့် ၎င်းရောဂါ၏ ပြန့်နှံ့မှုကို ထိန်းချုပ်ရန် နှင့် ကာကွယ်ရန် အတွက် ဦးစွာ လှုပ်ရှားဆောင်ရွက်မှုတစ်ခုကို စတင်ဆောင်ရွက်ခဲ့ကြောင်း စက္ကူဖြူစာတမ်းက ဆိုသည်။

လူသားများ၏ အသက်ရှင်မှု နှင့် ကျန်းမာသန်စွမ်းမှုကို ပထမဆုံးဦးစားပေးအဖြစ် လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံသည် ရောဂါထိန်းချုပ်ရေးကာလတစ်လျှောက် နယ်မြေဒေသအားလုံးသို့ အထိရောက်ဆုံး လွှမ်းခြုံနိုင်အောင် ဆောင်ရွက်ခဲ့ကြောင်း နှင့် ယခုအခါ ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပေါ်နိုင်သည့် လမ်းကြောင်းအားလုံးကို ဖြတ်တောက်နိုင်ခဲ့ပြီဖြစ်ကြောင်း စာတမ်းတွင် ဖြည့်စွက် ဖော်ပြထားသည်။

အစပိုင်း နှင့် အဆုံးပိုင်းအပြင် စက္ကူဖြူစာတမ်းထဲတွင် အပိုင်း ၄ ပိုင်းထည့်သွင်းထားပြီး “ တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး ၊ မီးကို စမ်းသပ်မှုတစ်ခုပြုခြင်း”  ၊ “ ကောင်းမွန်သော ညှိနှိုင်းဆောင်ရွက်မှုဖြင့် ရောဂါကာကွယ် ၊ ထိန်းချုပ် ၊ ကုသခြင်း” ၊ “ ဗိုင်းရပ်စ်နှိမ်နင်းရန် စွမ်းအားပြည့်ဝသော တပ်ဖွဲ့တစ်ခု စုစည်းခြင်း” နှင့် “ အားလုံးကျန်းမာရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်းတစ်ခုတစ်ဆောက်ခြင်း” စသည်တို့ ပါဝင်ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.