Connect with us

CHINA

တရုတ်နိုင်ငံက  အလွန်ခိုင်မာပြီး ထိရောက်မှုရှိသော COVID-19 သတင်းအချက်အလက်ထုတ်ပြန်ရေးစနစ် တည်ဆောက်ခဲ့

“COVID-19 တိုက်ဖျက်ရေး တရုတ်နိုင်ငံ၏ လှုပ်ရှားဆောင်ရွက်မှုများ” စက္ကူဖြူစာတမ်းနှင့်ပတ်သက်၍ ဇွန် ၇ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကပ်ရောဂါထိန်းချုပ်ရေးအတွက် ဘက်ပေါင်းစုံကြိုးပမ်းအားထုတ်မှု လုပ်ကိုင်နေစဉ်အတွင်းမှာပင် အလွန်ခိုင်မာပြီး ပညာရှင်ဆန်သော  ထိရောက်မှုအပြည့်အဝရှိသည့်  COVID-19 သတင်းအချက်အလက်ထုတ်ပြန်ရေးစနစ်တစ်ခုကို တည်ဆောက်ခဲ့ကြောင်း နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံသည်  လုပ်ရိုးလုပ်စဉ် မျဉ်းစည်းကမ်းတစ်ခုအပေါ် အခြေခံ၍ ဖြစ်နိုင်သမျှ အစောဆုံး ခိုင်လုံပြီး အသေးစိတ်ကျသော သတင်းအချက်အလက်များကို ထုတ်ပြန်ပေးခဲ့သဖြင့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို တုံ့ပြန်ရန် နှင့် ပြည်သူများ လက်ခံမှုရှိအောင် တည်ဆောက်ရန် ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟု တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ယနေ့ ဇွန် ၇ ရက်တွင် ထုတ်ပြန်သည့် “COVID-19 တိုက်ဖျက်ရေး တရုတ်နိုင်ငံ၏ လှုပ်ရှားဆောင်ရွက်မှုများ” စက္ကူဖြူစာတမ်းထဲတွင် ဖော်ပြထားသည်။

ခိုင်မာသည့် စည်းမျဉ်းစည်းကမ်းများသည် ဤနေရာတွင် သတင်းအချက်အလက်များ ဆုပ်ကိုင်ထားခြင်း ၊  ဖုံးကွယ်ထားခြင်း သို့မဟုတ် ရောဂါကူးစက်မှုဖြစ်စဉ်အား နှောင့်နှောင်းစွာ သတင်းထုတ်ပြန်ခြင်း မဟုတ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း စာတမ်းက ဆိုသည်။(Xinhua)