Connect with us

CHINA

ကမ္ဘာကြီးသည် COVID-19 အမှောင်မိုက်ဆုံးကာလမှ ပြန်လည်ပေါ်ထွက်လာမည်ဟု တရုတ်နိုင်ငံက ယုံကြည်ကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြ

“COVID-19 တိုက်ဖျက်ရေး တရုတ်နိုင်ငံ၏ လှုပ်ရှားဆောင်ရွက်မှုများ” စက္ကူဖြူစာတမ်းနှင့်ပတ်သက်၍ ဇွန် ၇ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

ကမ္ဘာ့နိုင်ငံအားလုံး၏ စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု စုပေါင်းတွန်းလှန်တုံ့ပြန်ခြင်းကြောင့် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အောင်မြင်မှုရရှိလိမ့်မည်ကို တရုတ်နိုင်ငံက အပြည့်အဝယုံကြည်ကြောင်း တရုတ်နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းတစ်ခုက ဆိုသည်။

ကမ္ဘာကြီးအနေဖြင့် “ လူသားသမိုင်းတွင် အမှောင်မိုက်ဆုံးကာလမှ ပိုမိုတောက်ပသော အနာဂတ်ဆီသို့ ပေါ်ထွက်လာမည်” ဟု တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးက ဇွန် ၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် “COVID-19 တိုက်ဖျက်ရေး တရုတ်နိုင်ငံ၏ လှုပ်ရှားဆောင်ရွက်မှုများ”  စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

ကပ်ရောဂါတိုက်ဖျက်ရေးကာလအတွင်း အသက်သေဆုံးခဲ့ရသူများ နှင့် အသက်စွန့်လွှတ်ပေးဆပ်ခဲ့ကြသူများအတွက် တရုတ်နိုင်ငံက အလွန်ကြေကွဲဝမ်းနည်းရပါကြောင်း ၊ လူ့အသက်ပေါင်းများစွာကို ကယ်တင်ရန် ရုန်းကန်ကြိုးပမ်းခဲ့သူများအား ကြီးစွာ လေးစားဂုဏ်ပြုကြောင်း နှင့် ရောဂါကူးစက်ခံခဲ့ရသူများ နှင့် ဆေးကုသမှုခံယူနေဆဲ ဖြစ်သူများကို စိတ်ခွန်အားအပြည့်အဝပေးပါကြောင်း စာတမ်းတွင် ဖြည့်စွက်ဖော်ပြထားသည်။(Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.