Connect with us

CHINA

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ မြို့ကြီးနှစ်ခုတွင် မြို့အနှံ့ nucleic acid စစ်ဆေးစမ်းသပ်မှု စတင်ဆောင်ရွက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၊ မြို့တော် ချိန်တူးမြို့၊ Pidu ခရိုင်ရှိ Pidu ခရိုင် တရုတ်ရိုးရာတိုင်းရင်းဆေးရုံရှိ nucleic acid စစ်ဆေးမှုဓာတ်ခွဲခန်းတွင် COVID-19 စစ်ဆေးမှုအတွက် နမူနာများ စုဆောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟာပင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်ရှိ Dongning နှင့် Suifenhe မြို့ကြီးနှစ်ခုတွင် မြို့အနှံ့ nucleic acid စစ်ဆေးစမ်းသပ်မှု ဆောင်ရွက်လျက်ရှိကြောင်း ဒေသတာဝန်ရှိသူများက ဒီဇင်ဘာ ၁၁ ရက်က ပြောကြားခဲ့သည်။

အဆိုပါစမ်းသပ်မှုကို သုံးရက်အတွင်းပြီးစီးမည်ဟု မျှော်မှန်းထားသည်။ မြို့တစ်မြို့စီတွင် COVID-19 ပြည်တွင်းကူးစက်မှု တစ်ခုရှိခဲ့ကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့က သတင်းရရှိခဲ့ပြီးနောက် အဆိုပါ ဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Dongning မြို့တွင် နမူနာစုဆောင်းရန် နေရာ ရှစ်နေရာနှင့် nucleic acid စစ်ဆေးစမ်းသပ်မှုများလုပ်ဆောင်ရန် ဝန်ထမ်း ၃၂၀ ကို စေလွှတ်ထားကြောင်း၊ ဒီဇင်ဘာ ၁၀ ရက် နံနက် ၉:၀၀ နာရီအထိ လူပေါင်း ၁၀,၄၃၀ ထံမှ နမူနာများရယူခဲ့ကြောင်း မြို့တော်ဝန် Zhou Zhenhai က ပြောခဲ့သည်။

Suifenhe မြို့ရှိ စုပေါင်းအဆောက်အအုံတစ်ခုကို COVID-19 ကူးစက်နိုင်ခြေ အလယ်အလတ်အဆင့်ဧရိယာအဖြစ် သတ်မှတ်ထားကြောင်း ယင်းမြို့၏ COVID-19 ကပ်ရောဂါ တာဆီးထိန်းချုပ်ရေးဌာနချုပ် အဆိုအရ သိရသည်။

Suifenhe မြို့ရှိ ဟိုတယ်လေးလုံးကိုလည်း ကန့်သတ်စောင့်ကြည်ရာဗဟိုအဖြစ် သတ်မှတ်ထားသလို အနီးကပ် စီမံခန့်ခွဲမှုအောက်တွင် ထားရှိကြောင်း သိရသည်။

ထို့ပြင် အဆိုပါမြို့တွင် ဝန်ထမ်းများ၏ အသွားအလာကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့ကြောင်း၊ Suifenhe မြို့မှ ထွက်ခွာရန် လိုအပ်သည့်သူများအနေဖြင့် ခရီးသွားမည့်နေ့၌ ရောဂါပိုးမရှိကြောင်း nucleic acid စစ်ဆေးစမ်းသပ်မှုလက်မှတ် ရှိရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့နှစ်မြို့တွင် ကူးစက်ရောဂါပျံ့ပွားခြင်းနှင့်ကာကွယ်ခြင်းဆိုင်ရာ စစ်တမ်းများနှင့် COVID-19 လူနာများနှင့် ဆက်စပ်သော အရင်းအမြစ်ခြေရာခံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

#China, #COVID_19, #NucleicAcid, #DomesticallyTransmittedCase, Heilongjiang, #Xinhua, #တရုတ်, #ပြည်တွင်းကူးစက်မှု, #နမူနာ, #ဟေးလုံကျန်း, #ဆင်ဟွာ

—————————–
(English Version)
Two cities in northeast China launch citywide nucleic acid testing

HARBIN, Dec. 11 (Xinhua) — Dongning and Suifenhe, two cities in northeast China’s Heilongjiang Province, have launched citywide nucleic acid testing, local authorities said on Friday.
It is expected that tests will be completed in three days. The campaign was initiated after each city reported a domestically transmitted COVID-19 case on Thursday.

Dongning has set up eight sample collection points and dispatched more than 320 personnel to carry out nucleic acid tests, said city mayor Zhou Zhenhai, adding that Dongning has sampled 10,430 people as of 9 p.m. on Thursday.

One residential compound in Suifenhe was classified as a medium-risk area for COVID-19 on Friday, according to the city’s COVID-19 epidemic prevention and control headquarters.
Four hotels in Suifenhe have been designated as centralized quarantine sites and placed under closed management.

The city has also tightened the control of personnel flows. A negative nucleic acid test certificate issued within one day of travel is necessary for those who are required to leave Suifenhe.
Epidemiological surveys and source tracing work concerning the COVID-19 patients are underway in the two cities. Enditem