Connect with us

CHINA

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး ငါးမျိုး လက်တွေ့စမ်းသပ်မှုအဆင့်-၃ သို့ ရောက်ရှိနေ

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ China National Pharmaceutical Group Co., Ltd. (Sinopharm) ကာကွယ်ဆေးထုတ်လုပ်မှုစက်ရုံတွင် COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာကို ပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံတွင် လက်ရှိ၌ ပြည်ပနိုင်ငံအချို့တွင် လက်တွေ့စမ်းသပ်မှုအဆင့်-၃ သို့ ရောက်ရှိနေသော COVID-19 ကာကွယ်ဆေး ငါးမျိုးရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရသည် COVID-19 စတင်ဖြစ်ပွားချိန်မှစတင်၍ COVID-19 ကာကွယ်ဆေးဖော်ထုတ်ရန် inactivated vaccines ၊ recombinant protein vaccines ၊ adenovirus vector vaccines ၊ တုပ်ကွေးဗိုင်းရပ်စ်များကို vector များအဖြစ် အသုံးပြုထားသော ကာကွယ်ဆေးများနှင့် nucleic acid vaccines စသည့် နည်းပညာဆိုင်ရာ ချဉ်းကပ်မှု ငါးမျိုးကို အတည်ပြုခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျွမ်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘရာဇီး၊ ပါကစ္စတန်နှင့် ပီရူး စသည့်နိုင်ငံများတွင် လက်တွေ့စမ်းသပ်မှုအဆင့်-၃ သို့ ရောက်ရှိနေပြီး အချို့ကာကွယ်ဆေးများမှာလည်း အဆင့်-၁ နှင့် အဆင့်-၂ စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျောက်က ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် နိုင်ငံပေါင်းစုံနှင့် နှစ်နိုင်ငံ လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံတကာ ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုကို အမြဲတစေ တက်ကြွစွာဆောင်ရွက်ခဲ့ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးနှံခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်အဖွဲ့ (GAVI) နှင့် Coalition for Epidemic Preparedness Innovations စသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ နီးကပ်သောဆက်ဆံရေး ထိန်းသိမ်းလျက်ရှိကြောင်း ကျောက်ကဆိုသည်။

တရုတ်နိုင်ငံသည် WHO က ကမကထပြုထားသော Access to COVID-19 Tools (ACT) Accelerator initiative သို့ ပါဝင်ခဲ့ပြီး ကာကွယ်ဆေးများကို မျှမျှတတဖြန့်ဖြူပေးရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ကာကွယ်ဆေးများ ထောက်ပံ့ပေးနိုင်ရေးအတွက် COVAX နှင့် ချိတ်ဆက်ခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် သုတေသနနှင့် ဖော်ထုတ်မှုများ ပြီးပြည့်စုံပြီးနောက် ၎င်းတို့၏ ကာကွယ်ဆေးများကို COVAX အဆိုပြုချက်၏ ဝယ်ယူမှုစာရင်းတွင် ပါဝင်သွားမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အသုံးပြုခွင့်ရရှိရန်နှင့် ဈေးနှုန်းသင့်တင့်မှုရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောက်က ပြောကြားခဲ့သည်။ (Xinhua)