Connect with us

CHINA

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် ကိုဗစ်အသစ်ထပ်တိုး အတည်ပြုလူနာ ၉၈ ဦး ရှိ

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် နှာခေါင်းစည်းတပ်သွားလာနေသူတစ်ဦးအား ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး

ဒီဇင်ဘာ ၁၅ ရက် ၀၀:၀၀ နာရီအထိ တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် ကိုဗစ်-၁၉ အသစ်ထပ်တိုး အတည်ပြု လူနာ ၉၈ ဦးရှိရာ ၎င်းတို့အနက် ဒေသတွင်း ကူးစက်မှု ၈၉ ဦး၊ ပြည်ပကူးစက်မှု ၉ ဦး ရှိကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ ကျန်းမာရေးဌာန ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုစင်တာက ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဟောင်ကောင်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ စုစုပေါင်း ၇,၇၂၁ ဦးရှိကြောင်း သိရသည်။

ထပ်တိုးကူးစက်လူနာများတွင် အသက် ၄၃ နှစ်အရွယ် အမျိုးသား ၊ အသက် ၅၅ အရွယ်အမျိုးသမီး ပါဝင်ပြီး အသက်အရွယ်အပိုင်းအခြားအားဖြင့် ၆ လ မှ ၈၅ နှစ်အတွင်းရှိကြောင်း ၊ ဒေသတွင်းကူးစက်မှု ၈၉ ဦးတွင် ၃၀ သည် ကူးစက်မှုဇစ်မြစ်ရှင်းရှင်းလင်းလင်းမသိရကြောင်း၊ ကျန်ကူးစက်သူများသည် ယခင်အတည်ပြုလူနာ သို့မဟုတ် လူအုပ်စုနှင့်ဆက်စပ်ကြောင်း ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုစင်တာ ညွှန်ကြားရေးမှူး ကျန်းကျူကျွင်းက ယင်းနေ့တွင်ကျင်းပသည့် ကပ်ရောဂါအခြေအနေရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးစင်တာတစ်ခုတွင် ဆေးစစ်ရန် လူအများ တန်းစီစောင့်ဆိုင်းနေသည်ကို ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဆေးရုံဆင်းခွင့်ရသူ ကိုဗစ်လူနာ ၇၉ ဦး ရှိရာ ယနေ့အထိ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ အတည်ပြုလူနာ စုစုပေါင်း ၆,၃၄၄ ဦး၊ သံသယလူနာ ၁ ဦး ရှိကြောင်း ဟောင်ကောင်ဆေးရုံအာဏာပိုင်ဌာန အထွေထွေအုပ်ချုပ်ရေးမှူး ယွီဟွေ့လျင်က ဆိုသည်။

 

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးစင်တာတစ်ခုမှ ထွက်လာသူများအား ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ အတည်ပြုလူနာ စုစုပေါင်း ၁,၁၂၆ ဦးရှိပြီး အစိုးရဆေးရုံ ၂၃ ခုနှင့် AsiaWorld-Expo ပြပွဲ နေရာများတွင် ကုသမှုခံယူလျက်ရှိရာ ၎င်းတို့အနက် ရောဂါပြင်းထန်သူ ၇၅ ဦးနှင့် ကျန် ၁,၀၀၁ ဦး ၏ ရောဂါ အခြေအနေတည်ငြိမ်ကြောင်း သိရသည်။ ဟောင်ကောင်ဒေသတွင် အသုံးပြုထားသည့် Negative pressure လူနာတင်ကုတင် ၇၃.၉ ရာခိုင်နှုန်းနှင့် Negative pressure Room၏အသုံးပြုထားမှုသည် ၈၀.၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ထပ်မံသေဆုံးသည့် အတည်ပြုလူနာ ၄ ဦးရှိပြီး ၎င်းတို့မှာအစိုးရဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသတွင် လက်ရှိအချိန်ထိ အစိုးရဆေးရုံး၌ သေဆုံးခဲ့သည်အတည်ပြုလူနာ စုစုပေါင်း ၁၁၉ ဦး ရှိကြောင်း သိရသည်။(Xinhua)

—————————————-
(Chinese Version) 

(港澳台)香港新增98例新冠肺炎确诊病例

新华社香港12月15日电(记者刘明洋)香港特区政府卫生署卫生防护中心15日公布,截至当日零时,香港新增98例新冠肺炎确诊病例,其中本地感染病例89例、输入性病例9例。香港累计报告新冠肺炎确诊病例达7721例。
 在当日下午举行的疫情简报会上,卫生防护中心传染病处主任张竹君介绍,新增确诊患者包括43男、55女,年龄介于6个月至85岁,89例本地感染病例中有30例感染源头不明,其他感染病例与此前出现的确诊病例或群组有关。
香港医院管理局总行政经理(医疗成效及科技管理)庾慧玲介绍,过去24小时再有79名确诊病人出院,至今共有6344名确诊病人和1名疑似病人康复出院。目前,共有1126名确诊病人分别于23家公立医院和亚洲国际博览馆社区治疗设施接受治疗,其中50人情况危殆,75人情况严重,其余1001人情况稳定。香港已启用的负压病床使用率约73.9%,启用的负压病房使用率约80.8%。
 此外,再有4名确诊病人在公立医院离世。截至目前,香港共有119名确诊病人在公立医院离世。(完)
图说(1)12月15日,市民戴着口罩行走在香港街头。新华社记者 吴晓初 摄
图说(2)12月15日,香港市民在一处新型冠状病毒社区测试中心外等候入场。新华社记者 吴晓初 摄
图说(3)12月15日,香港市民从一处新型冠状病毒社区测试中心走出。新华社记者 吴晓初 摄