INTERNATIONAL ORGANIZATION
COVID-19 ရောဂါပိုး အရင်းအမြစ် က သဘာဝ နယ်ပယ် မှ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) အတည်ပြု ထုတ်ပြန်

ဂျီနီဗာ ၊ မေ ၂ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က COVID-19 ရောဂါပိုး အရင်းအမြစ် သည် သဘာဝ နယ်ပယ် မှ ဖြစ်ကြောင်း ကို မေလ ၁ ရက် ၌ အတည်ပြု ထုတ်ပြန်ကြေညာ ခဲ့သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကျန်းမာရေး ဆိုင်ရာ အရေးပေါ် စီမံကိန်း အလုပ်အမှုဆောင် ဒါရိုက်တာ Michael Ryan က သတင်းစာ ရှင်းလင်းပွဲ တွင် WHO အနေဖြင့် COVID-19 ရောဂါပိုး ၏ Gene sequence နှင့် ရောဂါပိုး အား အသေးစိတ် လေ့လာခဲ့သည့် ပညာရှင်များစွာ ၏ အကြံပြုချက် အား ကြားနာ၍ COVID-19 ရောဂါပိုး ၏ အရင်းအမြစ်သည် သဘာဝ မှ ဖြစ်ကြောင်း ကို အတည်ပြု နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
Ryan က လက်ရှိချိန်တွင် အရေးကြီးဆုံးအရာ မှာ COVID-19 ရောဂါပိုး သည် သဘာဝ နယ်ပယ် ၏ မည်သည့် အရာ မှ လာသည် ကို သိရှိနိုင်ရန်ဖြစ်ကြောင်း ၊ ယင်းမှသာ COVID-19 ရောဂါပိုး က မည်ကဲ့သို့ အမျိုးအစား ကန့်သတ်ချက် ကို ထိုးဖောက်၍ တိရိစ္ဆာန် မှ လူသို့ ကူးစက် ခဲ့သည် ကို သိရှိနိုင်မည် ဖြစ်ကြောင်း ၊ အဆိုပါ အကြောင်းအရာ ကို သိရှိမှသာ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်း နှင့် အများပြည်သူကျန်းမာရေး လုပ်ငန်းများ ကို ဆောင်ရွက်ပြီး အလားတူ ကပ်ရောဂါ ထပ်မံ မဖြစ်ပွား အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၊ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အနေဖြင့် ယင်း ကိစ္စရပ် နှင့် ပတ်သက်၍ သက်ဆိုင်ရာ နိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နေကြောင်း ပြောကြား ခဲ့သည်။ (Xinhua)