Connect with us

INTERNATIONAL ORGANIZATION

WHO ညွှန်ကြားရေးမှူးချုပ် က ကမ္ဘာ့ နိုင်ငံ အသီးသီး အနေဖြင့် မိမိ နိုင်ငံ ကပ်ရောဂါ နှင့် ပတ်သက်၍ ကိုယ်ပိုင် တာဝန်ယူသွားရမည် ဖြစ်ကြောင်း ပြောကြား

ပုံစာ- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) က WHO အနေဖြင့် သိပ္ပံနည်းပညာ နှင့် လက်တွေ့အခြေအနေ အပေါ် အခြေခံ၍ အကောင်းမွန်ဆုံးသော ကပ်ရောဂါ ကာကွယ်ရေး အကြံဉာဏ်များ ပေးအပ်သွားမည် ဖြစ်သော်လည်း မိမိ နိုင်ငံ ကပ်ရောဂေါရာနှင့် ပတ်သက်၍ ကိုယ်ပိုင် တာဝန်ယူသွားရမည် ဖြစ်ကြောင်း ဧပြီ ၂၇ ရက် ၌ ပြောကြား ခဲ့သည်။

တက်ဒရော့စ် က သတင်းစာရှင်းလင်းပွဲ တွင် WHO အနေဖြင့် အတင်းကျပ် ဆောင်ရွက်နိုင်မည့် လုပ်ပိုင်ခွင့် မရှိသော်လည်း ညွှန်ကြားချက်များအား လက်ခံခြင်း နှင့် ငြင်းဆန်ခြင်းသည် သက်ဆိုင်ရာ နိုင်ငံများ အပေါ် တွင် မူတည်ကြောင်း ၊ WHO အနေဖြင့် ဇန်နဝါရီ ၃၀ ရက် တွင် COVID-19 ရောဂါ သည် နိုင်ငံတကာ အလေးထားစောင့်ကြည့်နေသည့် အများပြည်သူ ကျန်းမာရေး ကိစ္စရပ် ဖြစ်ပြီး တစ်ကမ္ဘာလုံး အနေဖြင့် အမြင့်မားဆုံးသော အဆင့်ဖြင့် ကြိုတင်ကာကွယ်ရမည်ဟု ထုတ်ပြန်ခဲ့ကြောင်း ၊ ထိုချိန်တွင် တရုတ် နိုင်ငံ ပြင်ပ ၌ ရောဂါ ကူးစက်ခံရသူမှာ ၈၂ ဦး သာ ရှိသေးကြောင်း ၊ ထို့ပြင် WHO အနေဖြင့် နိုင်ငံ အသီးသီး အား ဘက်စုံ အများပြည်သူကျန်းမားရေး ဆောင်ရွက်မှုများ ပြုလုပ်ရန် ၊ ရောဂါပိုး ရှာဖွေစစ်ဆေးရန် ၊ ကူးစက်ခံရသူအား သီးသန့်ခွဲခြားထားရှိရန် နှင့် ကူးစက်ခံရသူနှင့် ထိတွေ့ခဲ့သူများအား ခြေရာခံ သီးသန့်ခွဲခြားရန် အကြံပြုခဲ့ကြောင်း ၊ သို့သော် အချို့နိုင်ငံများက လိုက်နာခဲ့သော်လည်း အချို့နိုင်ငံများက လိုက်နာခြင်း မရှိခဲ့ကြောင်း ၊ နှိုင်းယှဉ်ကြည့်ပါက WHO ၏ အကြံပြုချက်အား လိုက်နာခဲ့သည့် နိုင်ငံများ က ကပ်ရောဂါ တိုက်ဖျက်ရာတွင် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ WHO အနေဖြင့် နိုင်ငံအသီးသီး အား အကြံပြုချက်ကို အတင်းအကျက် လိုက်နာရန် အခွင့်အာဏာ မရှိသဖြင့် နောက်ဆုံး တွင် နိုင်ငံအသီးသီး အနေဖြင့် မိမိ တာဝန် ကို မိမိ ယူရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အချို့နိုင်ငံများက ပိတ်ဆို့မှု အား ပြန်လည် ဖြေလျှော့ခြင်းဆောင်ရွက်မှု နှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် က ဒုတိယ အကျော့ ရောဂါ ကူးစက်မှုသည် မိမိ ကိုယ်တိုင် နှင့်သာ သက်ဆိုင်ကြောင်း ၊ နိုင်ငံ အသီးသီး အနေဖြင့် သင့်လျော်သော အများပြည်သူ ကျန်းမာရေး ဆောင်ရွက်မှုများ ပြုလုပ်ပါက တစ်ကမ္ဘာလုံးအတိုင်းအတာ ကပ်ရောဂါ ပြန်လည် ဝင်ရောက်မှု ကို ကာကွယ်နိုင်ကြောင်း ၊ နိုင်ငံတကာ ကျန်းမားရေး သတ်မှတ်ချက်အရ WHO  မှ ထုတ်ပြန်သည့် အကြံပြုချက်များသည် အကြံပြုရုံသာဖြစ်ပြီး လိုက်နာခြင်းပြုမပြုကို အတင်းအကျပ် ဆောင်ရွက်ရန် လုပ်ပိုင်ခွင့်မရှိကြောင်း ပြောကြား ခဲ့သည်။  (Xinhua)