Connect with us

INTERNATIONAL ORGANIZATION

အလယ်အမေရိက နှင့် တောင်အမေရိကတိုက်သည် COVID-19 ရောဂါ ပြန့်ပွားမှု ဗဟိုချက်နေရာဖြစ်လာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကျန်းမာရေး ဆိုင်ရာ အရေးပေါ် စီမံကိန်း အလုပ်အမှုဆောင် ဒါရိုက်တာ Michael Ryan အား တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

အလယ်အမေရိက နှင့်တောင်အမေရိကတိုက်သည် လက်ရှိတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ဗဟိုချက် နေရာဖြစ်လာကြောင်း ၊ နိုင်ငံတကာအသိုက်အဝန်းက တစ်ညီတစ်ညွတ်တည်းဖြစ်ရန်လိုအပ်ပြီး ၎င်းဒေသများ၏ကပ်ရောဂါတိုက်ဖျက်ရေးကို ကူညီဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။ 

ယင်းနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် WHO ကျန်းမာရေး ဆိုင်ရာ အရေးပေါ် စီမံကိန်း အလုပ်အမှုဆောင် ဒါရိုက်တာ Dr.Michael Ryanက အလယ်အမေရိကနှင့်တောင်အမေရိကတိုက်သည် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုသိပ်သည်းရာ ဗဟိုချက်ဒေသဖြစ်လာကြောင်း၊ ထို့အပြင် ၎င်းဒေသ၏ ကပ်ရောဂါအထွဋ်အထိပ်ကာလက မရောက်သေးကြောင်း၊ လက်ရှိအနေနှင့် ယင်းဒေသ၏ ကပ်ရောဂါအခြေအနေမှာ မည်သည့်အချိန်တွင် အထွဋ်အထိတ် ရောက်ရှိမည်ကို အလွန်ခန့်မှန်းရခက်ကြောင်း ပြောကြားခဲ့သည်။ 

WHO၏ ကိန်းဂဏန်းများအရ ပြီးခဲ့သော ၂၄ နာရီအတွင်း တစ်ကမ္ဘာလုံးမှ အစီရင်ခံသည့် COVID-19 ရောဂါ အတည်ပြုလူနာ အများဆုံး ၁၀ နိုင်ငံတွင် ၅ နိုင်ငံက တောင်မြောက်အမေရိကတိုက်တို့မှဖြစ်ပြီး ဘရာဇီး၊ အမေရိကန်၊ ပီရူး၊ ချီလီ နှင့် မက္ကဆီကို နိုင်ငံတို့ဖြစ်ကြောင်းနှင့်အတည်ပြုလူနာတိုးပွားမှုများသည့်နိုင်ငံများမှာ ဘရာဇီး၊ ကိုလံဘီယာ၊ ချီလီ၊ ပီရူး၊ မက္ကဆီကို၊  ဟေတီ၊ အာဂျင်တီးနားနှင့် ဘိုလီးဗီးယားနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။ 

တောင်အမေရိကတိုက် နိုင်ငံများ၏ ကပ်ရောဂါအခြေအနေ တည်ငြိမ်မှုရှိစေရန် များစွာအလှမ်းဝေးနေဆဲဖြစ်ကြောင်း ၊ အတည်လူနာအရေအတွက်လည်း လျင်မြန်စွာ တိုးတက်လျက်ရှိရာ ယင်းဒေသ၏ဆေးကုသမှုစနစ်အတွက် ဝန်ထုတ်ဝန်ပိုး ဖိအားပိုများလာကြောင်း Michael Ryanက ဆိုသည်။ 

အမေရိကတိုက်နိုင်ငံအချို့တွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကို အစိုးရတစ်ရပ်လုံး၊ လူမှုအဖွဲ့အစည်းတစ်ခုလုံးက ပါဝင်ဆောင်ရွက်သည့် မူဝါဒဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း အချို့နိုင်ငံများတွင် အားနည်းချက်ရှိနေကြောင်း ၊ နိုင်ငံတကာအသိုက်အဝန်းက စည်းလုံးညီညွတ်စွာဖြင့် ၎င်းနိုင်ငံများ၏ COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် တတ်နိုင်သလောက်ကူညီအားပေးဆောင်ရွက်သင့်ကြောင်း Michael Ryanက ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.