Connect with us

INTERNATIONAL ORGANIZATION

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းအတွက် အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားပါဟု WHO ပြော

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးချုပ်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကိုပင်ဟေဂင်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ဥရောပရှိ အခြားနိုင်ငံများတွင် သီတင်းပတ်များကြာ COVID-19 ရောဂါဖြစ်ပွားမှုများ လျော့ကျလာနေသော်လည်း အရှေ့ဥရောပရှိ နိုင်ငံများ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ဖြစ်ပွားမှုနှင့် အရေအတွက် စိုးရိမ်ဖွယ် မြင့်တက်လာသည်ကို ထောက်ပြပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဆိုင်ရာ ဌာနေရုံးက ဇွန် ၁၈ ရက်တွင် သတိပေးပြောကြားလိုက်ကြောင်း သိရသည်။ 

“ပြီးခဲ့သောလက ရောဂါဖြစ်ပွားမှုတိုးမြင့်လာသော ဥရောပနိုင်ငံ အရေအတွက် သုံးဆကျော်တက်လာကာ ခြောက်နိုင်ငံမှ ၂၁ နိုင်ငံအထိ ရှိလာခဲ့တယ်” ဟု ဥရောပဆိုင်ရာ WHO ဌာနေ ညွှန်ကြားရေးမှူး ဒေါက်တာ Hans Kluge က ကိုပင်ဟေဂင်မြို့၌ ကျင်းပသည့် ဗီဒီယိုအစည်းအဝေး၌ ပြောကြားခဲ့သည်။ 

“COVID-19 က နိုင်ငံအတော်များများမှာ အင်မတန် အားကောင်းတဲ့အဆင့်မှာ ရှိနေဆဲဖြစ်ပါတယ်။ အသွားအလာကန့်သတ်မှု လုပ်ဆောင်တာတွေနောက်မှာ ပြန်လည်ကောင်းမွန်လာစေရေးနဲ့ ပြန်လည်တည်ဆောက်ရေးတွေကို ဆက်လက်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်” ဟု WHO တာဝန်ရှိသူက ဆိုသည်။

နိုင်ငံအချို့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မှုကြောင့် ဒေသတွင်း ရောဂါပြန်လည်ဖြစ်ပွားမှုများကို ဖော်ပြရင်း ကြိုးပမ်းအားထုတ်မှုကို ဆက်လက်ထားရှိကာ ကန့်သတ်မှုများကို သတိဖြင့်ဖြေလျှော့သင့်ကြောင်း ဒေါက်တာ Kluge က အလေးထားပြောခဲ့သည်။ 

ဒေသတွင်းရှိ နိုင်ငံများအား မကြာခဏ ထပ်ခါထပ်ခါပြောကြားသည့် နှိုးဆော်ချက်တွင် ဒေါက်တာ Kluge က ၎င်းတို့၏ အရေးပေါ်ဝန်ဆောင်မှုများနှင့် ပုံမှန်ကျန်းမာရေးစနစ်ပေးအပ်မှု လမ်းကြောင်းအား ပြင်ဆင်ထားရန်နှင့် အသင့်ဖြစ်နေစေရန် ပြောကြားခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် COVID-19 ပြန်လည်နိုးထလာဖွယ်ရှိမှုကို “အကောင်းဆုံးအတွက် မျှော်လင့်ထားပြီး အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားရမည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့က အခြေအနေဆိုးကနေ မလွတ်မြောက်သေးပါဘူး။ အသွားအလာကန့်သတ်တာတွေနဲ့ လူချင်းခပ်ခွာခွာနေရာတာတွေက ကျွန်တော်တို့တွေကို အချိန်ရစေပါတယ်။ နိုင်ငံတွေအားလုံးမှာ အန္တရာယ်တွေက မြင့်မားနေဆဲပါပဲ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.