Connect with us

INTERNATIONAL ORGANIZATION

ကပ်ရောဂါကြောင့် အငတ်ဘေးကြုံမှု ပိုမိုများပြားလာမည်ကို ကာကွယ်တားဆီးကြရန် ကုလသမဂ္ဂ တိုက်တွန်း

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်အား ဧပြီ ၃၀ ရက်က ပြုလုပ်သော ဗီဒီယို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

 ကုလသမဂ္ဂ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

ရောဂါကပ်ဘေးကြောင့် အငတ်ဘေးကြုံမှုများ ပိုမိုများပြားလာမည်ကို ကာကွယ်တားဆီးကြရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ချက်ချင်းလှုပ်ရှားဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဇွန် ၉ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနေ့တွင် ကုသမဂ္ဂသည် COVID-19၏ စားနပ်ရိက္ခာ၊အစာအာဟာရ ဖူလုံရေးအပေါ် သက်ရောက်မှု ဆိုင်ရာ မူဝါဒ အကျဉ်းချုပ်အား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ကပ်ရောဂါဘေးကြောင့် ယခုနှစ်အတွင်း အလွန်အမင်း ဆင်းရဲနွမ်းပါးသူ ဦးရေသည် ၄၉ သန်းထိ တိုးမြင့်နိုင်ပြီး အစားအစာနှင့်အာဟာရ လိုအပ်မှုများရှိသည့် လူဦးရေမှာလည်း  လျင်မြန်စွာ တိုးများလာနိုင်ကြောင်း ဆိုသည်။ စားနပ်ရိက္ခာ ဖူလုံပြည့်စုံသည့် နိုင်ငံများပင်လျှင် စားနပ်ရိက္ခာထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ချက်ချင်း လှုပ်ရှားဆောင်ရွက်မှုများ မရှိပါက စားနပ်ရိက္ခာမလုံလောက်သည့် အခက်ဖြင့် ကြုံရနိုင်သူဦးရေ ပို၍များပြားလာနိုင်မည်ဟု ၎င်းက သတိပေးပြောကြားခဲ့သည်။(Xinhua)  

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117