Connect with us

MYANMAR

၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ် ၁၁လတာ ကာလအတွင်း နိုင်ငံခြားသားဝင်ရောက်မှု ၅၀ ရာခိုင်နှုန်းဝန်းကျင် ကျဆင်း

COVID-19 ရောဂါမဖြစ်ပွားမီကာလတွင် ဆူးလေတစ်ဝိုက်တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်တချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် အောက်တိုဘာလ မှ သြဂုတ်လ အထိ နိုင်ငံခြားသား ၆၇၂,၇၁၁ ဦးဝင်ရောက်ခဲ့ ပြီး ကာလတူဖြစ်သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အောက်တိုဘာ မှ သြဂုတ်လ အထိ နိုင်ငံခြားသားဝင်ရောက်မှု မှာ ၁,၁၁၆,၆၄၀ဦးဝင်ရောက်ခဲ့ သောကြောင့် ယခု နှစ်တွင် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှု မှာ ၅၀ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့ကြောင်း သိရသည်။

ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က “ဒီ COVID-19 ရောဂါ ဖြစ်ပွားတဲ့ ကာလ တလျှောက်လုံး ဧပြီလ ကနေ သြဂုတ် လ အထိ ၅ လတာ ကာလအတွင်း ကမ္ဘာလှည့်ခရီးသည်နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှု တစ်ယောက်မှမရှိခဲ့ဘူး။ 

ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုက၅၀ ရာခိုင်နှုန်းဝန်းကျင်ကျတယ်။ COVID-19 ရောဂါအခြေအနေပေါ်မူတည်ပါတယ်။ COVID-19 ရောဂါပေါ်မူတည်ပြီးလေဆိပ်တွေ မဖွင့်သေးရင် ကမ္ဘာလှည့်ခရီးသွားက လျော့နည်းနေဦးမှာပါ’’ ဟုဆင်ဟွာသို့ စက်တင်ဘာ ၁၁ ရက်တွင်ပြောသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁လတာ ကာလအတွင်းကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု ၅၂၀,၆၆၅ ဦး နှင့် လုပ်ငန်းဖြင့်ဝင်ရောက်မှု ၁၅၂,၀၄၆ ဦး ရှိကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၁၁လတာကာလအတွင်း ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု ၈၇၅,၇၃၆ ဦး၊ လုပ်ငန်းဖြင့်ဝင်ရောက်မှု ၂၄၀,၉၀၄ ဦး ရှိကြောင်းသိရသည်။ 

အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ ရေဆိပ်များ နှင့် နယ်စပ်ဝင်ပေါက်များ မှ နိုင်ငံခြားသား ဝင်ရောက်မှု သည် အထူးလေယာဉ်ဖြင့် လုပ်ငန်းလုပ်ရန် ဝင်ရောက်မှုသာရှိသောကြောင့် သြဂုတ်လ တစ်လလုံးတွင် လုပ်ငန်းဖြင့်ဝင်ရောက်သူ နိုင်ငံခြားသား ၁၁၇၅ ဦးသာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.