Connect with us

COVID-19 UPDATES

မြန်မာနိုင်ငံတွင် COVID-19 ကန့်သတ်ချက် ဩဂုတ်လကုန်အထိ သက်တမ်းတိုး

ရန်ကုန်မြို့တွင် နှာခေါင်းစည်းတပ်ဆင်ကာ သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်တားဆီးရေး အစီအမံများကို ဩဂုတ် ၃၁ ရက်အထိ ရက်တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဗဟိုကော်မတီက ဩဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သောကြောင့် COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၃ ခုနှစ်ဇူလိုင် ၃၁ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့် ကိစ္စရပ်များမပါ) အား ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၁ ရက်အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားကြောင်း အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက် အထိ ပိုးတွေ့ရှိသူစုစုပေါင်း ၆၄၁,၀၆၃ ဦး၊ ဆေးရုံဆင်းသူ စုစုပေါင်း ၆၁၉,၈၄၀ ဦးရှိကာ သေဆုံးသူစုစုပေါင်း ၁၉,၄၉၄ ဦးရှိကြောင်း သိရသည်။ (Xinhua)