Connect with us

COVID-19 UPDATES

မြန်မာနိုင်ငံတွင် COVID-19 ကန့်သတ်ချက်များကို စက်တင်ဘာလကုန်အထိ သက်တမ်းတိုး

ရန်ကုန်မြို့တွင် COVID-19 ကာကွယ်ဆေး ထိုးနှံမှု ခံယူနေသည့် အမျိုးသားတစ်ဦးကို ၂၀၂၂ ခုနှစ်၊ ဇွန် ၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ရေးအစီအမံများကို စက်တင်ဘာ ၃၀ ရက်အထိ သက်တမ်းတိုးလိုက်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်သောကြောင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၁ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွန်ကြားချက်များ (ဖြေလျှော့ပေးမည့်ကိစ္စရပ်များမပါ) အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားကြောင်း အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃၀ ရက်မှ ဩဂုတ် ၃၁ ရက် ည ၈ နာရီ အထိ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာသစ် ၃ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယင်းနေ့တွင် မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားမှု ၀.၀၈ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ (Xinhua)