COVID-19 UPDATES
မြန်မာနိုင်ငံတွင် COVID-19 ကန့်သတ်ချက်များကို ဧပြီလကုန်အထိ သက်တမ်းတိုး

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်တားဆီးရေး အစီအမံများကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးကြောင်း COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဗဟိုကော်မတီက မတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သက်တမ်းတိုးမှုသည် မတ် ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည့် COVID-19 ကန့်သတ်ချက်များကို ဖြေလျှော့ပေးမည့်သူများမှလွဲ၍ သက်ဆိုင်ကြောင်း ကော်မတီ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

တရုတ်နိုင်ငံမှ ထုတ်လုပ်သော Sinopharm COVID-19 ကာကွယ်ဆေးပုလင်းကို ပြသနေသော ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူနေသော အမျိုးသမီးတစ်ဦးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
“COVID-19 ကန့်သတ်ချက်တွေ ဖြေလျှော့တယ်ဆိုပေမဲ့လူစည်ကားတဲ့နေရာသွားတဲ့အချိန်၊ ဆေးရုံ၊ ဆေးခန်းသွားတဲ့အချိန် ကိုယ့်မှာရောဂါအခံရှိသူတွေနဲ့ ၊ နှာစေး၊ချောင်းဆိုး ရောဂါခံစားရသူတွေအနေနဲ့ကတော့ မဖြစ်မနေ နှာခေါင်းစည်းတပ်ဖို့လိုပါတယ်’’ ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်း မာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး က ဆင်ဟွာသို့ ယနေ့ ဧပြီ ၁ ရက်တွင်ပြောသည်။
အဆိုပါ သက်တမ်းတိုးမှုသည် ကပ်ရောဂါကို ထိန်းချုပ်ရန်အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ ယခင်ထုတ်ပြန်ခဲ့သော အမိန့်များ၊ ကြေညာချက်များနှင့် ညွှန်ကြားချက်များအားလုံးကို အကျုံးဝင်စေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ် ၃၁ ရက်အထိ COVID-19 ကူးစက်ခံရသူပေါင်း ၆၃၄,၀၈၀ ဦးရှိပြီး သေဆုံးသူ ၁၉,၄၉၀ ဦး နှင့် ပြန်လည်ကောင်းမွန်လာသူ ၆၁၄,၅၅၄ ဦး ရှိကြောင်း သိရသည်။ (Xinhua)