Connect with us

WORLD

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တွင် ကပ်ရောဂါဆိုင်ရာ ဗီဒီယို အစည်းအဝေး ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ် နိုင်ငံ က စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရင်ဆိုင်ရန် တိုက်တွန်း

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တွင် အစည်းအဝေး ကျင်းပ ပြုလုပ်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တွင် ဧပြီလ ၉ ရက် ၌ COVID-19 ရောဂါ အရေးဆိုင်ရာ ဗီဒီယို အစည်းအဝေး တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် ၏ အစီရင်ခံမှု ကို ကြားနာခဲ့သည်။ အစည်းအဝေး တွင် ကုလသမဂ္ဂ ဆိုင်ရာ တရုတ် နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်း က တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား လုပ်ဆောင်မှုများ စတင်ဆောင်ရွက်ပြီး ကုလသမဂ္ဂ လမ်းညွှန်မှုအား တက်ကြွစွာလိုက်နာ ကာ ကပ်ရောဂါ အား အတူတကွ တိုက်ဖျက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ဂူတာရက်စ် က ကပ်ရောဂါ ဖြစ်ပွား နေချိန်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့် အပစ်အခတ် ရပ်စဲစေလိုကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အစီအစဉ် များကို ဆောင်ရွက်သွားလိုကြောင်း ၊ COVID-19 ရောဂါကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး အပေါ် သက်ရောက်မှု အား လျှော့ချနိုင်ရန် အတွက် လုံခြုံရေး ကောင်စီ ၏ ပါဝင် ဆောင်ရွက်မှု က လွန်စွာ အရေးပါကြောင်း ၊ ယခုကဲ့သို့ အရေးပါသည့် အချိန်အခါမျိုးတွင် လုံခြုံရေး ကောင်စီ ၏ စည်းလုံးညီညွတ်မှု နှင့် ခိုင်မာမှု က လွန်စွာ အရေးပါပြီး အားလုံးစည်းလုံးညီညွတ်စွာ ကပ်ရောဂါ အား အတူတကွ ရင်ဆိုင်သွားရန် တိုက်တွန်းလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ကိုယ်စားလှယ် ကျန်းကျွင်း က COVID-19 ရောဂါ သည် ကမ္ဘာ့နိုင်ငံ အသီးသီး အစိုးရ ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း ၏ စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ ၏ ကပ်ရောဂါ နှင့် ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်မှုများ အပေါ် တက်ကြွစွာ ထောက်ခံကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေစဉ် အတွင်း ကပ်ရောဂါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် လုံခြုံရေး အပေါ် သက်ရောက်မှု အား အနီးကပ်စောင့်ကြည့်နေပြီး အပြုသဘောဆောင်သည့် ဆောင်ရွက်မှုများ ကို ပြုလုပ် ခဲ့ကြောင်း ၊ COVID-19 ရောဂါ က လူသားမျိုးနွယ်တစ်ရပ်လုံးမှာ ကံကြမ္မာအကျိုးတူ အသိုက်အဝန်း ဖြစ်ကြောင်း ကို ထပ်မံ ပေါ်လွင်စေခဲ့ပြီး တရုတ် နိုင်ငံ ၏ အတွေ့အကြုံအရလည်း ကပ်ရောဂါ သည် တိုက်ဖျက်၍ ရနိုင်ကြောင်း ကို ဖော်ပြပေးခဲ့ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု နှင့် ကြုံတွေ့ရချိန်တွင် မိမိကိုယ်ကျိုးအတွက်သာ ကြည့်ပြီး တာဝန်များအား ခေါင်ရှောင်ခြင်း သည် ကျဆုံးမည့် လမ်းစဉ် ဖြစ်ကြောင်း ၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ အပြန်အလှန် ကူညီထောက်ပံ့ခြင်းသည် မှန်ကန်သည့် လမ်းစဉ် ဖြစ်ကြောင်း ၊ ကပ်ရောဂါ အား အသုံးချ၍ နာမည်ဖျက် ခြင်း နှင့် နိုင်ငံရေး အသွင် ဖြစ်အောင် ဆောင်ရွက်ခြင်းများအပေါ် ခိုင်မြဲစွာ ကန့်ကွက်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)