Connect with us

WORLD

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် အခြေအနေ ဆက်လက်တိုးတက်လာသဖြင့် အထူးကြပ်မတ်ကုသဆောင်မှ ပြောင်းရွှေ့

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဆေးရုံတက်ရောက်ကုသနေသည့် စိန့်သောမတ်စ်ဆေးရုံရှေ့တွင် စောင့်ကြပ်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

 ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson) သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ဆေးရုံတွင် တက်ရောက်ကုသမှုခံယူလျက်ရှိရာမှ ဧပြီ ၉ ရက်က အထူးကြပ်မတ်ကုသဆောင်မှ ပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ်အနေဖြင့် ရောဂါပြန်လည်သက်သာလာသည့် အစောပိုင်းကာလအတွင်း အနီးကပ်စောင့်ကြည့်မှု ခံယူရဦးမည် ဖြစ်ကြောင်း၊ ၎င်းသည် စိတ်အခြေအနေ အလွန်အမင်းကောင်းမွန်နေကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

 ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဆေးရုံတက်ရောက်ကုသနေသည့် စိန့်သောမတ်စ်ဆေးရုံရှေ့တွင် စောင့်ကြပ်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျွန်ဆင်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စမ်းသပ်တွေ့ရှိပြီးနောက် ၁၀ ရက်အကြာ ဧပြီ ၅ ရက်က ဆေးရုံသို့ တက်ရောက်ခဲ့ကာ ဧပြီ ၆ ရက်တွင် အထူးကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့၍ ဆေးကုသမှု ခံယူခဲ့ခြင်း ဖြစ်သည်။  (Xinhua)