Connect with us

WORLD

ဂျက်မာဖောင်ဒေးရှင်းက ဘော့ဆွာနာနိုင်ငံသို့ ဒုတိယအသုတ် လှူဒါန်းသော ဆေးအထောက်အကူပစ္စည်းများ ပေးပို့ 

ဂျက်မာဖောင်ဒေးရှင်းမှ လှူဒါန်းသော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဘော့ဆွာနာ နိုင်ငံရှိ Sir Seretse Khama အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၁၆ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဂါဘရွန်နေ၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ဘော့ဆွာနာနိုင်ငံ အစိုးရအား ဂျက်မာဖောင်ဒေးရှင်းမှ ဒုတိယအသုတ်လှူဒါန်းသည့် ကျန်းမာရေးအထောက်အကူပစ္စည်းများ မြို့တော် ဂါဘရွန်နေသို့ ဧပြီ ၁၆ ရက် ညနေက ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများတွင် ရောဂါရှာဖွေရန်နမူနာထုတ်ယူရေးပစ္စည်း ၁၈,၉၁၂ ခု၊ နမူနာစုဆောင်းရေးဂွမ်းတို့ဖတ်နှင့် ဗိုင်းရပ်စ်စစ်ဆေးရန်နမူနာပစ္စည်းသိုလှောင်ပြွန် ၁၈,၉၀၀ ခု ၊ N95 နှာခေါင်းစည်း ၁၀,၃၂၀ ခု၊ ကျန်းမာရေးသုံးလက်အိတ် ၉,၅၀၀ ခု၊ မျက်နှာဖုံးအကာ ၃,၈၀၀ ခု၊ ကျန်းမာရေးသုံး အကာအကွယ်ဝတ်စုံ ၃,၇၀၀ စုံ၊ အပူချိန်တိုင်းစက် ၃၆ ခုနှင့် အသက်ရှူစက် နှစ်လုံး စသည်တို့ ပါဝင်သည်။ 

ဂျက်မာဖောင်ဒေးရှင်းမှ လှူဒါန်းသော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဘော့ဆွာနာ နိုင်ငံရှိ Sir Seretse Khama အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၁၆ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဂျက်မာဖောင်ဒေးရှင်းမှ လှူဒါန်းသော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဘော့ဆွာနာ နိုင်ငံရှိ Sir Seretse Khama အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၁၆ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဂျက်မာဖောင်ဒေးရှင်းမှ လှူဒါန်းသော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဘော့ဆွာနာ နိုင်ငံရှိ Sir Seretse Khama အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၁၆ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

လှူဒါန်းပစ္စည်းများအား Sir Seretse Khama အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် မောရစ်ဆန်စင်ဗျူလာ (Morrison Sinvula) က လက်ခံခဲ့ပြီး တရုတ်ဖောင်ဒေးရှင်း၏ ဒုတိယမြောက်အကူအညီသည် ဘော့ဆွာနာ၏ ရှေ့တန်းမှ ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်နေသူများအတွက် အကာအကွယ်ဝတ်စုံများ လုံလောက်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘော့ဆွာနာနိုင်ငံတွင် ဧပြီ ၁၆ ရက် နံနက်ပိုင်းက ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု အသစ် နှစ်ခု တွေ့ရှိခဲ့ပြီး စုစုပေါင်း COVID-19 ဖြစ်ပွားသူ ၁၅ ဦးရှိလာပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနဝန်ကြီး လီမိုဂန်ကွပ် (Lemogang Kwape) က ကြေညာခဲ့သည်။ 

ယခု ဘော့ဆွာနာနိုင်ငံအား ၂၈ ရက်ကြာ အသွားအလာကန့်သတ်တားမြစ်မှု (Lockdown) ပြုလုပ်ထားပြီး ဧပြီ ၃၀ ရက်၌ ပြီးဆုံးမည်ဖြစ်သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.