Connect with us

WORLD

တရုတ်နိုင်ငံ ကျန်းမာရေးပညာရှင်အဖွဲ့ ကပ်ရောဂါတိုက်ဖျက်ရေးတွင် အားဖြည့်ကူညီရန် ဆားဘီးယားနိုင်ငံသို့ ရောက်ရှိ

ကပ်ရောဂါတိုက်ဖျက်ရေးတွင် အားဖြည့်ကူညီဆောင်ရွက်ရန် ဆားဘီးယားနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ ကျန်းမာရေးပညာရှင်အဖွဲ့အား တွေ့ရစဉ်(ဆင်ဟွာ)

ဘဲလ်ဂရိတ်၊ မတ် ၂၂ ရက်(ဆင်ဟွာ) 

ဆားဘီးယားနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကူညီအားဖြည့်ဆောင်ရွက်ပေးရန်အတွက် တရုတ်နိုင်ငံ ပညာရှင် ၆ ဦးပါဝင်သည့်အဖွဲ့သည် မတ် ၂၁ ရက် ညပိုင်းက အထူးလေယာဉ် ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ ပညာရှင်အဖွဲ့သည် တရုတ်နိုင်ငံ အစိုးရမှ လှူဒါန်းသည့် ဆေးကုသရေး အထောက်အပံ့ပစ္စည်းများကို တစ်ပါတည်း သယ်ဆောင်ကာ ရောက်ရှိလာခြင်းဖြစ်သည်။ 

ကပ်ရောဂါတိုက်ဖျက်ရေးတွင် အားဖြည့်ကူညီဆောင်ရွက်ရန် ဆားဘီးယားနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ ကျန်းမာရေးပညာရှင်အဖွဲ့အား တွေ့ရစဉ်(ဆင်ဟွာ)

 

ဆားဘီးယားနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ ကျန်းမာရေးပညာရှင်အဖွဲ့အား သမ္မတ Aleksandar Vučiće က  လေဆိပ်တွင် ကြိုဆိုနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vučiće က အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ကပ်ရောဂါတိုက်ဖျက်ရေးတွင် အားဖြည့်ကူညီဆောင်ရွက်ရန် ဆားဘီးယားနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ ကျန်းမာရေးပညာရှင်အဖွဲ့အား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ လှူဒါန်းသည့် ဆေးကုသရေး အထောက်အပံ့ပစ္စည်းများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ လှူဒါန်းသည့် ဆေးကုသရေး အထောက်အပံ့ပစ္စည်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vučiće နှင့်အတူ ကျန်းမာရေးဝန်ကြီး Zlatibor Loncar ၊ကာကွယ်ရေးဝန်ကြီး Aleksandar Vulin ၊ဆားဘီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်ပေါ(Chen Bo)တို့က လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြသည်။ 

သမ္မတ Aleksandar Vučiće က တရုတ်နိုင်ငံအစိုးရ၊ကွန်မြူနစ်ပါတီနှင့်ပြည်သူများ၏ ကူညီမှုအား ကျေးဇူးတင်ရှိကြောင်း ၊ ဆားဘီးယားနိုင်ငံအတွက်ဆိုရလျှင် တရုတ်ပညာရှင်အဖွဲနှင့် ဆေးကုသရေးအထောက်အပံ့ပစ္စည်းများသည် အလွန်အရေးကြီးရာ အသက်ပေါင်းများစွာကို ကယ်ဆယ်နိုင်ကြောင်း ၊ မိမိတို့ အခက်အခဲကြုံတွေ့ချိန်တွင် တရုတ်နိုင်ငံက ချစ်ကြည်ရင်းနှီးစွာ ကူညီဖေးမပေးခြင်း ဖြစ်ကြောင်း ဆိုသည်။ 

သံအမတ်ကြီး ချန်ပေါက တရုတ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးကြိုးပမ်းစဉ်အခါက ဆားဘီးယားနိုင်ငံအစိုးရသည် ဘဏ္ဍာရေးအကြပ်အတည်းကြားကပင် တရုတ်နိုင်ငံအတွက် အရေးပေါ်လိုအပ်သည့် ဆေးကုသရေးအထောက်အပံ့ ပစ္စည်းများကို ပေးအပ်ခဲ့သလို ဂီတဖြင့် တရုတ်နိုင်ငံအား အားတင်းထားရန် အားပေးခဲ့ကြောင်း ဆိုသည်။

တရုတ်-ဆားဘီးယားနှစ်နိုင်ငံသည် အေးတူပူအမျှ ရပ်တည်ကြသည့် သံမဏိသဖွယ်ခိုင်မာသည့် ချစ်ကြည်ရေးရှိကြောင်း ၊ယခုအခါ  ဆားဘီးယားနိုင်ငံတွင် ကပ်ရောဂါဘေးဒဏ်ကို ခံရချိန်တွင် အထောက်အပံ့ပစ္စည်း၊ ကျန်းမာရေးဝန်ထမ်းများ၏အတွေ့အကြုံစသည့် ကဏ္ဍများတွင် လိုအပ်ချက်များစွာရှိနေရာ တရုတ်နိုင်ငံ အစိုးရက ယခုကဲ့သို့ ကူညီဆောင်ရွက်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ရာ ၎င်းမှာ မိတ်ဆွေများ၏ ကပ်ရောဂါအနိုင်တိုက်ဖျက်ရေး ယုံကြည်ချက်နှင့်သန္နိဌာန်ကို ပို၍ခိုင်မာအောင် အားပေးနိုင်မည်ဖြစ်သည် ချန်ပေါက ပြောကြားခဲ့သည်။

ဆားဘီးယားနိုင်ငံသို့ စေလွှတ်သည့်  ပညာရှင်အဖွဲ့ကို တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေး ကော်မရှင်မှ ဖွဲ့စည်း၍ ကွမ်တုန်းပြည်နယ် ကျန်းမာရေး ကော်မရှင် အဖွဲ့က စေလွတ်ခြင်းဖြစ်ရာ ကွမ်တုန်းပြည်နယ် ရောဂါထိန်းချုပ်ရေးစင်တာ၊ ကွမ်တုန်း ပြည်သူ့ ဆေးရုံ၊ ကျုံးဆန်းတက္ကသိုလ် အမှတ်(၁)ဆေးရုံနှင့် အမှတ်(၃)ဆေးရုံတို့မှ ကူးစက်ရောဂါကာကွယ်ကုသရေး၊ အသက်ရှူလမ်းကြောင်းနှင့်အသက်အန္တရာယ်ရှိသောရောဂါဘယများ၊ စိတ်ရောဂါဆိုင်ရာ ပညာရှင်များဖြစ်ကြောင်း သိရသည်။

ဆားဘီးယားနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးကို သိပံ္ပနည်းကျ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၊ ပေးအပ်သည့် တာဝန်ကိုကျေပွန်သည်အထိ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပညာရှင်အဖွဲ့ခေါင်းဆောင်က ဆိုသည်။ 

တရုတ်နိုင်ငံမှ ဆားဘီးယားနိုင်ငံသို့ လှူဒါန်းသော ဆေးကုသရေးအထောက်အပံ့ပစ္စည်းများသည် အလေးချိန်အားဖြင့် ၁၆ တန်၊  ပမာဏအားဖြင့် ၁၂၀ ကုဗမီတာ ရှိရာ အသက်ရှူထောက်ကူပြု ကိရိယာ၊ ပါးစပ်နှာခေါင်းစည်း၊ ရောဂါကာကွယ်ရေးဝတ်စုံစသည်တို့ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.