Connect with us

WORLD

ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ကူးစက်ခံရသူ သုံးသိန်ကျော်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ပြော

အီတလီနိုင်ငံက ဘိုလော့နာမြို့၌ နှာခေါင်းစည်းဝတ်ဆင်ထားသော အဖိုးအိုတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

 

နယူးယောက် ၊ မတ် ၂၂ ရက်(ဆင်ဟွာ)

မတ် ၂၁ ရက် အမေရိကန်နိုင်ငံအရှေ့ပိုင်းစံတော်ချိန် ညနေ ၆ နာရီ ( ဂရင်းနစ်စံတော်ချိန် ၂၂.၀၀ နာရီ) အချိန်ထိ ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ကူးစက်ခံရသူပေါင်း သုံးသိန်းကျော်အထိ အမြင့်ဆုံးရောက်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန(CSSE) မှ ထုတ်ဖော်ပြောကြားခဲ့သည်။

ရောဂါကူးစက်ခံရသူအရေအတွက်မှာ ၃၀၃,၈၁၆ ဦး နှင့် သေဆုံးသူ ၁၂,၉၅၀ ဦး ရှိကြောင်း CSSE က ဆိုသည်။

 စပိန်နိုင်ငံ ဘာဆီလိုနာမြို့၌ နှာခေါင်းစည်းဝတ်ဆင်ထားသော ဆေးရုံဝန်ထမ်းတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံပြင်ပ၌ ရောဂါကူးစက်ခံရသူ ၁၀,၀၀၀ အထက်ရှိသောနိုင်ငံများတွင် အီတလီ ၊ စပိန် ၊ အမေရိကန် ၊ ဂျာမနီ ၊ အီရန် နှင့် ပြင်သစ်နိုင်ငံများ ပါဝင်လာခဲ့ကြောင်း ၊ အီတလီနိုင်ငံသည် ရောဂါကြောင့် သေဆုံးမှုအများဆုံးဖြစ်ပွားသောနိုင်ငံဖြစ်လာပြီး မတ် ၂၁ ရက် ညနေပိုင်းအထိ နိုင်ငံအတွင်း စုစုပေါင်း သေဆုံးသူ ၄,၈၂၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း CSSE ၏ ပြောကြားချက်အရ သိရသည်။

သုံးရက်တာအတွင်း ရောဂါကူးစက်ခံရသူ စုစုပေါင်းအရေအတွက်သည် နှစ်သိန်းမှ သုံးသိန်းအထိ ခုန်တက်သွားခဲ့ကြောင်း နှင့် လက်ရှိတွင် ကမာ္ဘ့နိုင်ငံ နှင့် ဒေသပေါင်း ၁၆၀ တွင် COVID-19 ကူးစက်မှုဖြစ်ပွားနေကြောင်း CSSE က ဆိုသည်။  (Xinhua)