Connect with us

WORLD

ကိုလံဘီယာနိုင်ငံတွင် ထောင်ဖောက်ရန် ကြိုးပမ်းမှုကြောင့် အကျဉ်းသား ၂၃ ဦးသေဆုံး

ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာရှိ အကျဉ်းထောင်ဖောက်ရန် ကြိုးပမ်းမှုသတင်းကြားပြီးနောက် အကျဉ်းသားများ၏ ဆွေမျိုးများ ထောင်သို့ အလျင်အမြန်သွားရောက်ကြစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာရှိ အကျဉ်းထောင်တစ်ခုတွင် ထောင်ဖောက်ရန် ကြိုးပမ်းမှုကြောင့် အကျဉ်းသား ၂၃ ဦးသေဆုံးပြီး အခြားသူ ၈၃ ဦးဒဏ်ရာရရှိခဲ့ကာ ယင်းအနက် ၃၂ ဦးကို ဆေးရုံတင်ခဲ့ရကြောင်း တရားရေးဝန်ကြီး မာဂရီတာ ကာဘယ်လို (Margarita Cabello) က မတ် ၂၂ ရက်၌ ပြောကြားခဲ့သည်။

“ဒီနေ့ကတော့ နိုင်ငံအတွက် အလွန်နာကျင်ရတဲ့နေ့တစ်နေ့ပါပဲ။ မနေ့ည (မတ် ၂၂ ရက်) က La Modelo အကျဉ်းထောင်ကနေ ထွက်ပြေးဖို့ ကြိုးစားမှုကြီးဖြစ်ခဲ့တယ်” ဟု ကာဘယ်လိုက ပြောခဲ့သည်။နိုင်ငံတော် အကျဉ်းထောင်နှင့် အကျဉ်းထောင် အဖွဲ့အစည်း (INPEC) မှ အကျဉ်းထောင်လုံခြုံရေးနှင့် တာဝန်ရှိသူ ၇ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် နှစ်ဦးမှာ စိုးရိမ်ဖွယ် အခြေအနေတွင်ရှိကြောင်း ကာဘယ်လိုက ဆိုသည်။

မတ် ၂၁ ရက်ညပိုင်းက ကိုလံဘီယာနိုင်ငံရှိ အခြားအကျဉ်းထောင်များတွင်လည်း အကျဉ်းထောင်ဖောက်ရန် ကြံစည်မှု၏ အစိတ်အပိုင်းအဖြစ် အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ ဝန်ကြီးက ပြောခဲ့သည်။“ထောင်ကနေ လွတ်သွားသူမရှိပါဘူး။ ထောင်ဖောက်ပြေးဖို့ ကြိုးပမ်းကြတဲ့အစီအစဉ်ကို တားဆီးနိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ကာဘယ်လိုက အကျဉ်းထောင်များအတွင်း တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အခြေအနေများက နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေမြင့်မားသည်ဆိုခြင်းကို ငြင်းဆိုထားပြီး ၎င်းအချက်က အကျဉ်းသားများ၏ စိုးရိမ်ပူပန်မှုတစ်ခုဖြစ်ပြီး အဓိကရုဏ်းများ၏ နောက်ကွယ်မှ အကြောင်းပြချက်သာဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117