Connect with us

WORLD

အိန္ဒိယတွင် ကိုဗစ်အတည်ပြုလူနာ ၆ သန်း နီးပါးရှိလာ ၊ အမေရိကန်တွင် ထပ်တိုးလူနာများအနက် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း ၂၆ ရာခိုင်နှုန်း ပါဝင်  

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြေအောက်ရထားပေါ်ရှိမြင်ကွင်းများအား စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆ သန်း နီးပါးရှိလာကြောင်းနှင့် အမေရိကန်နိုင်ငံတွင် ထပ်တိုးလူနာများအနက် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိသူ ၂၆ ရာခိုင်နှုန်းပါဝင်ကြောင်း စက်တင်ဘာ ၂၇ ရက်တွင် ရရှိသော သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ စက်တင်ဘာ ၂၇ ရက် ဗဟိုဥရောပစံတော်ချိန်(CET) ၁၃ နာရီ ၀၈ မိနစ်အထိ ကမ္ဘာတစ်ဝန်းCOVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၂၉၈,၇၇၃ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၅,၃၈၀ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၃၂,၇၃၀ ,၉၄၅ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၉၉၁,၂၂၄ ဦး ရှိကြောင်း သိရသည်။ 

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် စက်တင်ဘာ ၂၈ ရက် ၆ နာရီ ၂၃ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၃၂,၉၄၉,၄၇၀ ဦး၊  စုစုပေါင်း သေဆုံးသူ ၉၉၆,၀၈၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံးနိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၇,၁၀၉,၃၅၁ ဦး နှင့် သေဆုံးသူ ၂၀၄,၇၃၈ ဦး ရှိကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြေအောက်ရထားပေါ်ရှိမြင်ကွင်းများအား စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

(၂)သတင်းအချက်အလက် စုစည်းချက်များ

အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ အိန္ဒိယနိုင်ငံတွင် ကိုဗစ် လူနာ စုစုပေါင်း ၅,၉၉၂,၅၃၂ ဦးရှိရာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထပ်တိုးအတည်ပြုလူနာ ၈၈,၆၀၀ဦး ရှိခဲ့ကြောင်း သိရသည်။ စက်တင်ဘာလမှစ၍ အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်းအတည်ပြုလူနာအရေအတွက်သည် ဆက်တိုက် စံချိန်တင် မြင့်တက်ခဲ့ရာ စက်တင်ဘာ ၁၁ ရက်တွင် တစ်ရက်အတွင်း ထပ်တိုးလူနာ အများဆုံးအဖြစ် ၉၇,၅၇၀ ဦး ရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံအားလုံးတွင် ထပ်တိုးလူနာအများဆုံးမှတ်တမ်းဝင်ခဲ့ကြောင်းနှင့် လက်ရှိတွင် လျော့နည်းသွားမည့် အနေအထား မရှိသေးကြောင်း သိရသည်။ 

အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာန(CDC) ဒါရိုက်တာ Robert R. Redfield၏ ယခုရက်ပိုင်း ပြောကြားချက်များအရ ယခုကာလများအတွင်း ကိုဗစ် အသစ်ထပ်တိုးလူနာများအနက် အသက် ၁၈ နှစ်မှ ၂၅ နှစ် ရှိသူသည် ၂၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အဆိုပါ အသက်ငယ်ရွယ်သူများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့်အခါ သာမန်အားဖြင့် ပြင်းထန်သည့်ရောဂါလက္ခဏာများမဖြစ်ပေါ်တတ်သော်လည်း ၎င်းတို့မှတစ်ဆင့် အခြားကိုယ်ခံအားနည်းသူများကို ပြန့်ပွားကူးစက်စေနိုင်ကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြေအောက်ရထားပေါ်ရှိမြင်ကွင်းများအား စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ ကပ်ရောဂါအခြေအနေ ဆိုးဝါးသည့် ဝိတိုရိယပြည်နယ်တွင် အခြေအနေပြန်လည် တည်ငြိမ်လာပြီဖြစ်ရာ တစ်လကျော်ကြာ ဆက်တိုက်ကျင့်သုံးလာသည့် ညမထွက်ရအမိန့်ကို ဖျက်သိမ်းမှုအပါအဝင်  မြို့တော် မဲလ်ဘုန်း၏ ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများကို တစ်ဆင့်ထပ်မံ ဖြေလျော့ပေးမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရက  စက်တင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။ 

မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း ၁၀,၇၃၄ ဦး၊ သေဆုံးသူ စုစုပေါင်း ၂၂၆ ဦးနှင့် ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း ၂,၈၆၂ ဦး ရှိကြောင်း သိရသည်။ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံတွင် ခရီးသွားလာခွင့်များကို တားမြစ်ထားပြီး နိုင်ငံတကာလေကြောင်းလိုင်းသွားလာမှုကန့်သတ်ချက်ကို အောက်တိုဘာ လကုန်အထိ တိုးမြှင့်ထားကြောင်း သိရသည်။ 

ကိုဗစ် ကပ်ရောဂါကာလအတွင် နိုင်ငံရေးဖြင့် သိပ္ပံပညာကို စွက်ဖက်ခြင်းသည် စိုးရိမ်ဖွယ်ရှိကြောင်း၊ သိပ္ပံပညာနှင့်ပညာရှင်များကို အရောင်ဆိုးသည့် လုပ်ရပ်သည် လူများ၏ ကျန်းမာရေးနှင့်အကျိုးစီးပွားကို အန္တရာယ်ဖြစ်စေကြောင်း အမေရိကန်နိုင်ငံ အမျိုးသား သိပ္ပံအကယ်ဒမီ(NAS)ဥက္ကဋ္ဌ Marcia McNuttနှင့် အမျိုးသား ဆေးပညာ အကယ်ဒမီ(NAM)ဥက္ကဋ္ဌ Victor Dzauတို့သည် ပြီးခဲ့သည့်ရက်များက ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ 

ပီရူးနိုင်ငံတွင် တစ်နိုင်ငံလုံးအရေးပေါ်အခြေအနေကို အောက်တိုဘာ ၃၁ ရက်အထိ တိုးမြှင့်မည်ဖြစ်ကြောင်း ပီရူးနိုင်ငံအစိုးရက ပြီးခဲ့သည့်ရက်များတွင် ကြေညာခဲ့သည်။ အရေးပေါ်ကာလတွင် တစ်နိုင်ငံလုံးအတိုင်းအတာရ အိမ်တွင်လည်းကောင်း၊ ပြင်ပတွင်လည်းကောင်း လူစုလူဝေးလုပ်ခြင်းကို တားမြစ်ထားပြီး အရက်ဘား၊ ဒစ္စကိုအကခန်းမနှင့် ရုပ်ရှင်ရုံစသည့်တို့ကို ယာယီ ပိတ်ထားရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.