Connect with us

WORLD

ဂျပန်နိုင်ငံတွင် အရေးပေါ်ကာလကို မေ ၃၁ ရက် အထိ ထပ်တိုးနိုင် 

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးအား ဧပြီ ၃၀ ရက်က တိုကျိုမြို့ အထက်လွှတ်တော် ဘတ်ဂျက်ကော်မတီ အစည်းအဝေးတွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၄ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ပြည်တွင်း၌ ကူးစက်ပျံ့နှံမှုကို ထိန်းချုပ်တားဆီးရန်အတွက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက နိုင်ငံ၏အရေးပေါ်အခြေအနေကို မေ ၃၁ ရက် အထိ တိုးမြှင့်သတ်မှတ်ရန်ရှိကြောင်း ဂျပန်နိုင်ငံ အစိုးရ အရာရှိတစ်ဦးက မေ ၃ ရက်တွင် ပြောကြားခဲ့သည်။ 

လက်ရှိ အရေးပေါ်ကာလ၏ သက်တမ်းသည် မေ ၆ ရက်အထိဖြစ်ရာ မေ ၄ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ရှင်ဇိုအားဘေးက နောက်ဆုံး ဆုံးဖြတ်ချက်ကို ကြေညာဖွယ်ရှိနေသည်။ ထိုမတိုင်မီ ၎င်းက ပညာရှင်အဖွဲ့၏ အကြုံပြုချက်အရ လက်ရှိ ရောဂါကာကွယ်ရေးအခြေအနေကို အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ရာ အရေးပေါ်ကာလကို တစ်လခန့် ထပ်တိုးရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ နန်ချန်းမြို့မှ ဂျပန်နိုင်ငံ အိုကာဆာမြို့သို့ ပေးပို့သော ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ရှင်ဇိုအာဘေးက အရေးပေါ်ကာလကို မေ ၃၁ ရက် အထိ တိုးမြှင့်သတ်မှတ်ရန် ရည်ရွယ်ထားကြောင်း အမည်မဖော်လိုသည့် အစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ KYODOသတင်းဌာနက ဖော်ပြခဲ့သည်။ အရေးပေါ်ကြေညာချက်တွင် လူအများအပြင်ထွက်သွားလာမှုကို ကန့်သတ်ရန် မပါဝင်ကြောင်း ၊  အခြေခံ လူမှုဘဝလိုအပ်ချက်များ ဖြစ်သည့် စူပါမာကက်(ဈေးဆိုင်)၊  ဘဏ်၊ ဆေးရုံစသည့်တို့ကို ပုံမှန်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ကြေညာချက်ထုတ်ပြန်ပြီးနောက် ဒေသခံအစိုးရအနေဖြင့် မိမိဒေသ၏ ကပ်ရောဂါအခြေအနေအရ  ပြည်သူများအား အပြင်မထွက်စေရန် သို့မဟုတ် စာသင်ကျောင်းများ ရပ်နားရန်၊ အပန်းဖြေနေရာများ ပိတ်ထားရန် တောင်းဆိုနိုင်ပြီး မြေနေရာ၊ အဆောက်အဦများကို အသုံးပြုရန် စီစဉ်နိုင်ကြောင်း သိရသည်။ 

ဂျပန်အစိုးရ၏ မေ ၄ ရက်တွင် ထုတ်ပြန် ကြေညာမည့် ကပ်ရောဂါဖြေရှင်းရေး နည်းလမ်းများတွင် ရောဂါကူးစက်မှုအန္တရာယ်နည်းပါးသော နေရာများ၌ သတ်မှတ်ချက်အလိုက် လုပ်ငန်းများနှင့်ပညာသင်ကြားမှုများ ပြန်လည် လည်ပတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ထိုသို့ဆောင်ရွက်ရာတွင် အဝေးမှရုံးအလုပ်ကို ဆောင်ရွက်ခြင်း၊ ရုံးတက်ရုံးဆင်း လူများချိန်ကို တတ်နိုင်သမျှရှောင်ရှားရမည်ဖြစ်ပြီး အလုံပိတ်နေရာတွင် လူအများ နီးနီးကပ်ကပ် အလုပ်လုပ်ကိုင်ခြင်းများကို ရှောင်ရှားရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.