Connect with us

WORLD

တရုတ်နိုင်ငံမှ ကူညီပေးအပ်သော ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများ မဒါဂတ်စကာနိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံမှ အာဖရိကနိုင်ငံများသို့ ကူညီပေးအပ်သော ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

အန်တန်နန်ရီဗိုလ်၊ မေ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ ကူညီပေးအပ်သော ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများသည် မေ ၂ ရက်က မဒါဂတ်စကာနိုင်ငံ မြို့တော် အန်တန်နန်ရီဗိုလ် မြောက်ပိုင်း Ivatoအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

PPEဝတ်စုံ၊ ကိုယ်ပူချိန်တိုင်းကိရိယာ၊ ပါးစပ်နှာခေါင်းစည်းနှင့် အကာအကွယ်မျက်မှန်စသည့် ကပ်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်းများကို  မေ ၂ ရက်က လေဆိပ်တွင် လွှဲပြောင်းပေးအပ်ခဲ့ရာ အဆိုပါ ပစ္စည်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ မဒါဂတ်စကားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ရန်ရှောင်ရုံ  ၊ မဒါဂတ်စကာနိုင်ငံ ကျန်းမာရေးဝန်ကြီး အာမက်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ အာဖရိကနိုင်ငံများသို့ ကူညီပေးအပ်သော ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

မဒါဂတ်စကာနိုင်ငံ ကျန်းမာရေးဝန်ကြီး အာမက်က  တရုတ်နိုင်ငံအနေဖြင့် အရေးပေါ်လိုအပ်နေသည့် ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများကို ကူညီပေးအပ်လှူဒါန်းသည့်အတွက် နိုင်ငံနှင့်ပြည်သူများကိုယ်စားကျေးဇူးတင်ရှိကြောင်း ၊ ယင်းအထောက်အပံ့ပစ္စည်းများကို နိုင်ငံတစ်ဝန်း ကပ်ရောဂါတိုက်ဖျက်ရေး ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ကပ်ရောဂါ ကာကွယ်ရေးအတွက် ဘက်စုံထောင့်စေ့ တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားကာ ရောဂါဆိုးကြီးကို အတူတိုက်ဖျက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ အာဖရိကနိုင်ငံများသို့ ကူညီပေးအပ်သော ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သံအမတ်ကြီး ရန်ရှောင်ရုံကလည်း စည်းလုံးခြင်းသည်အင်အားဖြစ်ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည့် ကပ်ရောဂါတိုက်ဖျက်ရေး၏နည်းလမ်းကောင်းဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုကို မပြတ်ခိုင်မာစွာလက်ကိုင်ထားကာ မဒါဂတ်စကာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ခိုင်မာစွာအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။မေ ၂ ရက်အထိ ဆိုရလျှင် မဒါဂတ်စကာနိုင်ငံတွင် COVID-19ရောဂါအတည်ပြုလူနာ စုစုပေါင်း ၁၃၅ ဦးရှိရာ ရောဂါသက်သာပျောက်ကင်းသွားသူ စုစုပေါင်း ၉၇ ဦးရှိပြီး သေဆုံးသူမရှိကြောင်း သိရသည်။(Xinhua)