Connect with us

WORLD

ဗြိတိန်တွင် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ရန်ပုံငွေရှာပေးခဲ့သည့် အသက်ရာကျော် စစ်ပြန်အဖိုးအို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ကွယ်လွန်

ဗြိတိန်တွင် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ရန်ပုံငွေရှာပေးခဲ့သည့် စစ်ပြန်အဖိုးအို တွမ်မိုးရ် (Tom Moore)အား ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပေါင်ငွေ သန်းပေါင်းများစွာ ရန်ပုံငွေ ရှာပေးခဲ့သည့် ဗြိတိန်အသက်ရာကျော် စစ်ပြန်အဖိုးအို တွမ်မိုးရ် (Tom Moore)သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ဆေးရုံတက်ပြီး(၂)ရက်အကြာ ဖေဖော်ဝါရီ ၂ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

“တွမ်မိုးရ်ရဲ့ ဘဝနေဝင်ချိန်နောက်ဆုံးနာရီတွေမှာ မိသားစုက သူ့ဘေးမှာအဖော်ပြုပေးခဲ့ကြတယ်။ တွမ်မိုးရဲ့ နောက်ဆုံးနှစ်က ထူးခြားတဲ့နှစ်ပါ။ရှင်သန်မှုအင်အားတွေ တစ်ဖန်နိုးထခဲ့ပြီး ရည်ရွယ်ချက်အိမ်မက်အတွက် ကြိုးပမ်းခဲ့တယ်။” ဟု တွမ်မိုးရ်၏ မိသားစုက ယင်းနေ့တွင် ပြောကြားခဲ့သည်။

 ဗြိတိန်နိုင်ငံ အလယ်ပိုင်း ဘတ်ဖို့ဒ်ရှိူင်းယားတွင် စစ်ပြန်အဖိုးအို တွမ်မိုးရ် (Tom Moore)သည် လမ်းလျှောက်ခုံအကူအညီဖြင့် နေအိမ်ခြံဝန်းအတွင်း လမ်းလျှောက်နေသည်ကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တွမ်မိုးရ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု အတည်ပြုခဲ့ပြီးနောက်မကြာမီ ဇန်နဝါရီ ၃၁ ရက်တွင် ဆေးရုံတင် ကုသမှုပေးခဲ့သည်။ဗြိတိန်တော်ဝင်မိသားစုနှင့် နိုင်ငံခေါင်းဆောင်များက ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ရန်ပုံငွေရှာပေးခဲ့သည့် သူရဲကောင်း အဖိုးအိုအတွက် ဝမ်းနည်းကြောင်း ၎င်းကွယ်လွန်သွားသည့်နေ့တွင်ပင် အသီးသီးပြောကြားခဲ့ကြသည်။

 ဗြိတိန်နိုင်ငံ အလယ်ပိုင်း ဘတ်ဖို့ဒ်ရှိူင်းယားတွင် စစ်ပြန်အဖိုးအို တွမ်မိုးရ် (Tom Moore)သည် လမ်းလျှောက်ခုံအကူအညီဖြင့် နေအိမ်ခြံဝန်းအတွင်း လမ်းလျှောက်နေသည်ကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

“ကပ်ရောဂါတိုက်ပွဲ အကြီးမားဆုံးသော အကျပ်အတည်းမှာ စည်းလုံးညီညွတ်ကြဖို့ တွမ်မိုးရ်က အားလုံးကို အားပေးခဲ့တာပါ။ သူရဲ့ ကုသိုလ်ဒါနက ဗြိတိန်ကို အားတက်စေသလို ကမ္ဘာ့နေရာအသီးသီးက လူတွေအတွက်လည်း မျှော်လင့်ရာ ဖြစ်စေခဲ့တယ်”ဟု ဗြိတိန် ဝန်ကြီး ဘောရစ်ဂျွန်ဆင်က ၎င်း၏လူမှုကွန်ရက်မီဒီယာတွင် ရေးသားထားသည်။

တွမ်မိုးရ်သည် ဗြိတိန်နိုင်ငံ အလယ်ပိုင်း ဘတ်ဖို့ဒ်ရှိူင်းယားက ဒုတိယကမ္ဘာစစ် စစ်ပြန် စစ်သားတစ်ဦးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် လမ်းလျှောက်၍ ရန်ပုံငွေစုဆောင်းမည့် စိန်ခေါ်မှုကိုစခဲ့ခြင်းဖြစ်ပြီး အသက်(၁၀၀)ပြည့်သည့် မွေးနေ့ ဧပြီ ၃၀ ရက်မတိုင်မီ လမ်းလျှောက်ခုံအကူအညီဖြင့် မိမိနေအိမ်ခြံဝန်းအတွင်း အပတ် (၁၀၀)ပြည့်အောင် လျှောက်ကာ ကပ်ရောဂါတိုက်ဖျက်ရေး ဆေးဝန်ထမ်းများအတွက် ပေါင်ငွေ(၁,၀၀၀)ရအောင် အလှူခံမည်ဟူ၍ ရည်ရွယ်က လုပ်ဆောင်ခဲ့သည်။ ၎င်း၏ ကုသိုလ်သဒ္ဒါသည် လူပေါင်းများစွာ၏ စိတ်နှလုံးကို နွေးထွေးမှု ခွန်အားဖြစ်စေခဲ့ရာ ကမ္ဘာနေရပ်အသီးသီးမှ လူပေါင်းများစွာသည့် သဒ္ဒါတရား ထက်သန်စွာ ပါဝင်လှူဒါန်းခဲ့ခြင်းကြောင့် ဗြိတိန်အမျိုးသားကျန်းမာရေးစနစ်အတွက် ပေါင်ငွေ (၃၂)သန်း ရှာဖွေပေးနိုင်ခဲ့ပြီး တစ်ဦးတည်း လမ်းလျှောက်ရန်ပုံငွေ အများဆုံးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့သည်။

ဗြိတိန်အစိုးရ၏ ဖေဖော်ဝါရီ ၂ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့တွင် ဗြိတိန်၌ ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၁၆,၈၄၀)ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ (၃,၈၅၂,၆၂၃)ဦး၊ စုစုပေါင်း သေဆုံးသူ (၁၀၈,၀၁၃) ဦး ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.