Connect with us

WORLD

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၃.၇၁ သန်းကျော် ရှိလာ

ဘရာဇီးနိုင်ငံမြို့တော် ဘရာဇီးလီးယားတွင် နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေသူများကို ဩဂုတ် ၂၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီးယား၊ ဩဂုတ် ၂၇  ရက် (ဆင်ဟွာ) 

ဘရာဇီးနိုင်ငံတွင် ဩဂုတ် ၂၆ ရက်က ၂၄ နာရီအတွင်း COVID-19 ရောဂါ အသစ်ထပ်တိုးကူးစက်သူ ၄၇,၁၆၁ဦး၊ အသစ်ထပ်တိုးသေဆုံးသူ ၁,၀၈၅ ဦးရှိရာစုစုပေါင်းအတည်ပြုလူနာ ၃,၇၁၇,၁၅၆ ဦး၊ စုစုပေါင်းသေဆုံးသူ ၁၁၇,၆၆၅ ဦးနှင့် ရောဂါသက်သာပျောက်ကင်းသူစုစုပေါင်း ၂,၉၀၈,၈၄၈ ဦးရှိကြောင်းဘရာဇီးကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့ ညနေပိုင်းတွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရသိရသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ သက်ဆိုင်ရာအချက်အလက်များအရဘရာဇီးနိုင်ငံ၏ စုစုပေါင်းကိုဗစ် အတည်ပြုလူနာဦးရေနှင့် သေဆုံးသူဦးရေသည် အမေရိကန်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယနေရာတွင် ရပ်တည်နေကြောင်းသိရသည်။ ဘရာဇီးနိုင်ငံအတွင် ကပ်ရောဂါအခြေအနေအဆိုးဝါးဆုံးဖြစ်သည့် São Paulo ပြည်နယ်တွင် အတည်ပြုလူနာအရေအတွက်သည် ၇ သိန်း ၇ သောင်းကျော်ရှိပြီး Bahia ပြည်နယ်၊ Rio de Janeiro ပြည်နယ်၊ Ceará ပြည်နယ်၊ Minas Gerais ပြည်နယ်များ၏ အတည်ပြုလူနာအရေအတွက်သည် ၂ သိန်းကျော် ရှိကြောင်းသိရသည်။

 

ဘရာဇီးနိုင်ငံမြို့တော် ဘရာဇီးလီးယားတွင် နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေသူများကို ဩဂုတ် ၂၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

 O Globo သတင်းစာ၏ ဩဂုတ် ၂၆ ရက် သတင်းများအရ  São Paulo ပြည်နယ်နှင့် Rio de Janeiroပြည်နယ်တွင် ရောဂါသက်သာပျောက်ကင်းသွားသူများထဲမှ လူ ၂၀ ဦးသည် ဒုတိယအကြိမ်ပြန်လည်ကူးစက်ခံရကြောင်းသံသယရှိသဖြင့် ဒေသခံဆေးကုသရေးဌာနကစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။ 

 

ဘရာဇီးနိုင်ငံမြို့တော် ဘရာဇီးလီးယားတွင် နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေသူများကို ဩဂုတ် ၂၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

 

ဘရာဇီးနိုင်ငံမြို့တော် ဘရာဇီးလီးယားတွင် နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေသူများကို ဩဂုတ် ၂၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက လက်ရှိဘရာဇီးတွင် ကိုဗစ်ရောဂါသက်သာပျောက်ကင်းသွားပြီးနောက် ဒုတိယအကြိမ် ပြန်လည်ကူးစက်ခံရမှုအခြေအနေကိုမတွေ့ရှိသေးကြောင်း ၊ သို့သော်လည်းယင်းကဲ့သို့ သံသယလူနာများအားအနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်းယင်းနေ့တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.