Connect with us

WORLD

ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါ ဖြစ်ပွားသူ ၂၄ သန်းကျော် ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ဆို

အမေရိကန် နိုင်ငံနယူးယောက်မြို့၌ စက်ဘီးစီးနင်းသူများအားဩဂုတ် ၂၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဩဂုတ် ၂၇ ရက်(ဆင်ဟွာ) 

ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ရောဂါ ဖြစ်ပွားသူအရေအတွက်မှာ ဩဂုတ် ၂၆ ရက်တွင် ၂၄ သန်းကျော်သွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE)ထံမှ သိရသည်။ 

ကမ္ဘာအနှံ့တွင် ဒေသစံတော်ချိန် ၃ နာရီ ၂၈ မိနစ် ( ဂရင်းနစ်စံတော်ချိန် GMT ၁၉၂၈ နာရီ)အထိ COVID-19 ရောဂါ ဖြစ်ပွားသူ ၂၄,၀၀၀,၃၀၂ ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၈၂၁,၆၅၄ ဦးရှိကြောင်း CSSE ၏ ကိန်းဂဏန်းများအရသိရသည်။ အမေရိကန်နိုင်ငံသည် ကပ်ရောဂါအများဆုံးခံစားခဲ့ရပြီး COVID-19 လူနာ ၅,၈၀၇,၄၈၀ဦးနှင့် သေဆုံးသူ ၁၇၉,၂၃၅ ဦးရှိခဲ့ပြီး ယင်းနောက်တွင် ဘရာဇီးနိုင်ငံက COVID-19 လူနာ ၃,၆၆၉,၉၉၅ ဦး နှင့် သေဆုံးသူ၁၁၆,၅၈၀ ဦး ဖြင့်ရပ်တည်နေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါအတည်ပြုလူနာအရေအတွက်မှာ ၃ ဒသမ ၂ သန်း ကျော်ရှိကြောင်း သိရသည်။

 

အမေရိကန် နိုင်ငံနယူးယောက်မြို့ရှိပန်းခြံတစ်ခုတွင် အပန်းဖြေနေကြသောပြည်သူများအားဩဂုတ် ၂၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ) 

အမေရိကန် နိုင်ငံနယူးယောက်မြို့ရှိပန်းခြံတစ်ခုအတွင်းလမ်းလျှောက်နေကြသူများအားဩဂုတ် ၂၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ) 

 

အမေရိကန် နိုင်ငံနယူးယောက်မြို့ရှိပန်းခြံတစ်ခုတွင် အပန်းဖြေနေကြသောပြည်သူများအားဩဂုတ် ၂၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ) 

အမေရိကန် နိုင်ငံနယူးယောက်မြို့၌ စက်ဘီးစီးနင်းသူများအားဩဂုတ် ၂၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ) 

COVID-19 ရောဂါ အတည်ပြုလူနာပေါင်း ၅၀၀,၀၀၀ အထက် ရှိသောနိုင်ငံများမှာရုရှား ၊ တောင်အာဖရိက ၊ ပီရူး ၊ မက္ကဆီကိုနှင့် ကိုလံဘီယာတို့ဖြစ်ကြပြီးယင်းကပ်ရောဂါဖြင့် သေဆုံးသူ ၄၀,၀၀၀ ကျော် ရှိသောနိုင်ငံများစာရင်းထဲတွင် မက္ကဆီကို ၊ အိန္ဒိယနှင့် ဗြိတိန် နိုင်ငံတို့ ပါဝင်ကြောင်းသိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE)ထံမှ သိရသည်။  (Xinhua)