Connect with us

WORLD

 စပိန်နိုင်ငံတွင် ကပ်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွား ၊ ရောဂါကာကွယ်ရေး အကူအညီပေးရန်  တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ဝန်ကြီးချုပ် ဆို 

စပိန်နိုင်ငံ ဘာစီလိုနာမြို့ ကမ်းခြေတွင် တာဝန်ရှိသူများက ရောဂါကာကွယ်ရေးနည်းလမ်းများ လိုက်နာရန် သတိပေးလှုံ့ဆော်မှုပြုလုပ်နေသည်ကို ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဩဂုတ် ၂၆  ရက်(ဆင်ဟွာ) 

စပိန်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကပ်ရောဂါကာကွယ်ရေးနည်းလမ်းများ ဆောင်ရွက်မှုကို ပံ့ပိုးရန် တပ်ဖွဲ့ဝင်များစေလွှတ်၍ ကူညီအားဖြည့်ဆောင်ရွက်သွားမည်ဟု စပိန်နိုင်ငံ ဝန်ကြီးချုပ်Pedro Sánchezက ဩဂုတ် ၂၅ ရက် ပြည်သူများသို့ မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။ 

ယခုရက်ပိုင်းများအတွင်း စပိန်နိုင်ငံတွင် ကပ်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားခဲ့ရာ လူနာအရေအတွက်ထပ်တိုးမှု လျင်မြန်လွန်းလှသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအများစု၌ ကိုဗစ်လူနာ ခြေရာခံရာမှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း သိရသည်။အစိုးရအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ လေ့ကျင့်သင်ကြားထားပြီးဖြစ်သော တပ်ဖွဲ့ဝင် ၂,၀၀၀ကို စေလွှတ်ကာ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စေလွှတ်ထားသည့် တပ်ဖွဲ့ဝင်အရေအတွက်ကိုလည်း နောင်တွင် တပ်တိုးနိုင်ကြောင်း စပိန် ဝန်ကြီးချုပ် Sánchez က ဆိုသည်။ 

စပိန်နိုင်ငံ ဘာစီလိုနာမြို့ ကမ်းခြေတွင် တာဝန်ရှိသူများက ရောဂါကာကွယ်ရေးနည်းလမ်းများ လိုက်နာရန် သတိပေးလှုံ့ဆော်မှုပြုလုပ်နေသည်ကို ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိ စပိန်၏ ကပ်ရောဂါ အခြေအနေ လမ်းကြောင်းသည် စိုးရိမ်ဖွယ်ရှိကြောင်း Sánchez က မိန့်ခွန်းတွင် ဝန်ခံပြောကြားခဲ့သည်။ စပိန်နိုင်ငံ ဒေသအသီးသီး၏ ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ တူညီမှုမရှိကြောင်း ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအနေဖြင့် လိုအပ်ပါက ဗဟို အစိုးရထံသို့ အရေးပေါ် အခြေအနေ အကူအညီတောင်းခံပိုင်ခွင့် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

စပိန်နိုင်ငံ ဥပဒေ စည်းမျဉ်းစည်းကမ်းများအရ အရေးပေါ်အခြေအနေတွင် လူအများလှုပ်ရှားသွားလာ မှုကို ကန့်သတ်ရာတွင် အထောက်အကူဖြစ်စေသလို ထိုအစီအမံများတွင် ဥပဒေကြောင်းအရ ဝင်ရောက်စွက်ဖက်မှုကို ရှောင်လွှဲနိုင်ကြောင်း သိရသည်။ စပိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ဩဂုတ် ၂၅ ရက် ၁၅ နာရီမှ ၂၄ နာရီအထိ အသစ်ထပ်တိုးကူးစက်သူ ၂,၄၁၅ ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ ၄၁၂,၅၅၃ ဦး၊ စုစုပေါင်း သေဆုံးသူ ၂၈,၉၂၄ ဦး ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117