Connect with us

WORLD

ဥရောပ နိုင်ငံ များ ကပ်ရောဂါ တိုက်ဖျက် နိုင်ရန် အတွက် တရုတ် နိုင်ငံ ဒေသ အသီးသီး က ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ဆက်လက် တိုးချဲ့ လှူဒါန်း

တရုတ် နိုင်ငံ မှ စပိန် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီထောက်ပံ့သည့် ရထား မတ်လ ၂၁ ရက် တွင် တရုတ် နိုင်ငံ မှ စတင် ထွက်ခွာစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၂၈ ရက် (ဆင်ဟွာ)

လတ်တလောရက်ပိုင်း အတွင်း ဥရောပ တိုက် ရှိ နိုင်ငံ အသီးသီး တွင် COVID-19 ရောဂါ ပိုမို ပျံ့ပွား လာသဖြင့် “လေကြောင်း ပိုးလမ်းမ” လေယာဉ် ခရီးစဉ် နှင့် တရုတ်-ဥရောပ ရထားလမ်း တို့ မှ ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ က တရုတ် နိုင်ငံ ဒေသ အသီးသီး မှ ဥရောပ နိုင်ငံ အသီးသီး သို့ ပေးပို့ နေသည်။

တရုတ် နိုင်ငံ ဟယ်နန် ပြည်နယ် က လတ်တလောရက်ပိုင်း အတွင်း လူဇင်ဘတ် နိုင်ငံ သို့ လေကြောင်း ခရီးစဉ် မှ တစ်ဆင့် ကာကွယ်ရေး ဝတ်စုံ ၄,၅၀၀ ၊ ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း ၅ သိန်း ၊ N95 နှာခေါင်းစည်း ၅,၇၀၀ ၊ ဆေးဘက်ဆိုင်ရာသုံး လက်အိတ် ၁ သိန်း ၊ ကိုယ်အပူးချိန်တိုင်း ကိရိယာ ၆၀၀ ၊ လက်ဆေးရည်ဗူး ၂ သောင်း နှင့် ဆေးဘက်ဆိုင်ရာသုံး မျက်မှန် ၁၀၈၀ စုစုပေါင်း တန်ဖိုး တရုတ် ယွမ်ငွေ ၂.၅ သန်း ရှိ ပစ္စည်းများ အား ပေးအပ် လှူဒါန်း ခဲ့သည်။

တရုတ် နိုင်ငံ မှ စပိန် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီထောက်ပံ့သည့် ရထား မတ်လ ၂၁ ရက် တွင် တရုတ် နိုင်ငံ မှ စတင် ထွက်ခွာစဉ်(ဆင်ဟွာ)

လက်ရှိချိန်တွင် လူဇင်ဘတ် နိုင်ငံ ၌ ကပ်ရောဂါ အခြေအနေ က တစ်နေ့တစ်ခြား ပိုမို ဆိုးရွား လာသဖြင့် တရုတ် နိုင်ငံ ဟူနန် ပြည်နယ် က ပြည်နယ်အတွင်း ကြီးမားသော ကာကွယ်ထိန်းချုပ်မှု ဖိအား အောက်တွင် ရောက်ရှိနေသော်လည်း အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းများ ကို စုစည်း ကာ လူဇင်ဘတ် နိုင်ငံ သို့ ပေးပို့ပေးခဲ့ကြောင်း သိရှိရသည်။

တစ်ချိန်တည်း တွင် လူဇင်ဘတ် နိုင်ငံ အနီး ၌ တည်ရှိသည့် စပိန် နိုင်ငံ သည်လည်း တရုတ် နိုင်ငံ ၏ မေတ္တာစေတနာ ကို ခံစားသိရှိခဲ့သည်။ မတ်လ ၂၁ ရက် တွင် စပိန် နိုင်ငံ အား လှူဒါန်းပေးသည့် ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ က တရုတ် နိုင်ငံ မှ စတင် ထွက် ခွာခဲ့သည်။ ရထားတွဲ တွင် ကွန်တိန်နာ အလုံး ၁၀၀ ပါဝင် ခဲ့ပြီး ကွန်တိန်နာ ၂ လုံး တွင် ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများ ပါဝင်ပြီး ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်း အခု ၁၁၀,၀၀၀ ကျော် နှင့် ကာကွယ်ရေး ဝတ်စုံ ၇၆၆ စုံ ပါဝင်ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ တစ်ခု ဖြစ်သည့် CRRC Zhuzhou Locomotive ကုမ္ပဏီ က သြစတြီးယား နိုင်ငံ အား ကာကွယ်ရေး ဝတ်စုံ ၃,၀၀၀ ၊ FFP2 နှာခေါင်းစည်း ၅ သောင်း နှင့် ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်း ၁ သိန်း တို့ အား ပေးအပ်လှူဒါန်း ခဲ့ပြီး ယင်းလှူဒါန်းမှု က တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ မှ သြစတြီးယား နိုင်ငံ သို့ COVID-19 ရောဂါ နှင့် ပတ်သက်၍ ပထမဆုံး သော လှူဒါန်းမှု တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

သြစတြီးယား နိုင်ငံ သို့ လှူဒါန်းသည့် ထောက်ပံ့ရေး ပစ္စည်းများ ပေါ် တွင် “ကမ္ဘာတစ်ဝန်း ချိတ်ဆက် ၍ အေးအတူပူအမျှ ရှေ့ဆက် စို့” ဟူသည့် စာသားရေးသားဖော်ပြထားပြီး CRRC Zhuzhou Locomotive ကုမ္ပဏီ ဥက္ကဋ္ဌ ကျုံချင်း က မိမိ တို့ ကုမ္ပဏီ အနေဖြင့် အနာဂတ် တွင်လည်း ပြည်ပ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ များ အပေါ် ဆက်လက် ထောက်ခံအားပေးသွားမည် ဖြစ်ပြီး ပြည်ပ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.