Connect with us

WORLD

COVID-19 ကူးစက်ရောဂါဖြစ်ပွားသော နိုင်ငံနှင့် ဒေသ ၂၀၀ ရှိပြီဖြစ်ကြောင်း WHO ပြော

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ရပ်ကွက်တစ်ခုရှိ ယာယီကျန်းမာရေးစင်တာရှိ ဆေးဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဝက်ဘ်ဆိုက်ပေါ်တွင် နောက်ဆုံးဖော်ပြထားချက်အရ မတ် ၂၇ ရက် ဥရောပအလယ်ပိုင်းစံတော်ချိန် (CET) ၂၂:၀၆ နာရီအထိ COVID-19 ကူးစက်ရောဂါဖြစ်ပွားသည့် နိုင်ငံနှင့် ဒေသအရေအတွက်မှာ စုစုပေါင်း၂၀၀ ရှိလာပြီဖြစ်ကြောင်း သိရသည်။

အီတလီနိုင်ငံ မီလန်မြို့ရှိ Milan Malpensa လေဆိပ်တွင် တရုတ်နိုင်ငံမှ တတိယအသုတ် ဆေးအဖွဲ့နှင့်အတူ ရောက်ရှိလာသော ဆေးဘက်အထောက်အကူပြုပစ္စည်းများကို လေယာဉ်ပေါ်မှအောက်သို့ချနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မတ်ဒရစ်မြို့ရှိ Ramon y Cajal ဆေးရုံတွင် COVID-19 လူနာများအတွက် ရင်ဘတ်ဓာတ်မှန် စစ်ဆေးရေးအတွက် ဆေးဝန်ထမ်းများ ပြင်ဆင်နေကြစဉ် (ဆင်ဟွာ)

 

အိုင်ယာလန်နိုင်ငံ ဒတ်ဘလင်မြို့လယ်တွင် ဈေးဆိုင်များ ပိတ်ထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂရိနိုင်ငံ အေသင်မြို့ရှိ ဂရိလွှတ်တော်ရှေ့တွင် ပိုးသတ်ဆေးဖျန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် ကမ္ဘာတစ်ဝန်း COVID-19 ဖြစ်ပွားသူအရေအတွက်မှာလည်း သေဆုံးသူ ၂၁,၀၃၁ ဦးအပါအဝင် ၄၆၅,၉၁၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။  (Xinhua)