Connect with us

WORLD

အမေရိကန်ပြည်သူ သုံးပုံနှစ်ပုံက ထရမ့်၏ COVID-19 ကိုင်တွယ်ပုံအား လက်မခံကြောင်း စစ်တမ်းတွင် ဖော်ပြ

အမေရိကန်နိုင်ငံ ဘရွတ်ကလင်းဆေးရုံတွင် လူနာတစ်ဦးအား သယ်ဆောင်လာသည်ကို မေ ၁၁ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့်၏ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကိုင်တွယ်ပုံနှင့်ပတ်သက်၍ အမေရိကန်ပြည်သူ ၃၄ ရာခိုင်နှုန်းသာ အကောင်းဖက်က ရှုမြင် လက်ခံခဲ့ကြကြောင်း ABC သတင်းဌာန/Ipsos စစ်တမ်းတစ်ခုအရ သိရသည်။

ဇူလိုင် ၃၁ ရက်က ထုတ်ပြန်သော ယင်းစစ်တမ်း ရလဒ်များအရ အာဖရိကန် အမေရိကန်လူမဲအမျိုးသား ဂျော့ဖလိုက် သေဆုံးခဲ့ခြင်းအပေါ် တစ်နိုင်ငံလုံး ကန့်ကွက်ဆန္ဒပြပွဲများအပါအဝင်  မကြာသေးမီက ဖြစ်ပွားခဲ့သည့် အကျပ်အတည်းများအပေါ် သမ္မတထရမ့်၏ ကိုင်တွယ်ဆောင်ရွက်ပုံအား အမေရိကန်ပြည်သူများစွာက လက်ခံခြင်းမရှိကြောင်း တွေ့ရှိခဲ့ရသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ National mall တွင် လမ်းလျှောက်နေသော မိသားစုတစ်ခုအား ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စစ်တမ်းရလဒ်များအရ “ တစ်နိုင်ငံလုံးဖြစ်ပွားခဲ့သော ကန့်ကွက်ဆန္ဒပြပွဲများအပေါ် ထရမ့်၏ တုံ့ပြန်ကိုင်တွယ်ပုံ အပေါ် အမေရိကန်ပြည်သူ သုံးပုံတစ်ပုံကျော် ( ၃၆ ရာခိုင်နှုန်း) ကသာ လက်ခံကြောင်း”  “ အသေးစိတ် ပြောရမယ်ဆိုရင်တော့ အမေရိကန်ပြည်သူ အများစု ( ၅၂ ရာခိုင်နှုန်းကျော်) က မြို့ကြီးတွေမှာ ပြည်ထောင်စုတရားဥပဒေစိုးမိုးရေးအဖွဲ့ရဲ့ ဆန္ဒပြသူတွေအပေါ် တုံ့ပြန် ကိုင်တွယ်ပုံကြောင့် အခြေအနေပိုမိုဆိုးရွားခဲ့ရတယ်လို့ ယုံကြည်နေကြပါတယ်’’ ဟု စစ်တမ်းက ဖြည့်စွက်ဖော်ပြထားသည်။အမေရိကန်နိုင်ငံ ABC သတင်းဌာန/Ipsos တို့သည် ဇူလိုင် ၂၉ ရက် မှ ၃၀ ရက်အထိ အရွယ်ရောက်ပြီးသော အမေရိကန်နိုင်ငံသား ၇၃၀ ဦးကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)